Popတွေ R&Bတွေကို ပရိတ်သတ်တွေရင်ထဲ လှိုက်ခတ်သွားအောင် အသံချိုချိုလေးနဲ့ဆိုတတ်တဲ့ လူငယ်အဆိုတော် ရဲလေးကို အားလုံးပဲသိကြပြီးသားပါနော်။ တတိယကာရန်ဆိုတဲ့ သီချင်းခွေလေးနဲ့ အားလုံးရဲ့ ရ်ထဲကိုထိုးဖောက်ဝင်ရောက်လာသူတစ်ယောက်ဖြစ်ပြီးတော့ အခုအချိန်ထိလည်း အောင်မြင်မှုသရဖူကိုဆောင်းထားနိုင်ဆဲဖြစ်တဲ့ အဆိုတော်တစ်ယောက်ပါပဲနော်။

နိုင်ငံကျော် နှင်းဆီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်ပြီးတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အဆိုရှင်တစ်ယောက်ဖြစ်လို့နေခဲ့ပါတယ်နော်။ လတ်တလောမှာတော့ သူဟာ ရေဘေးအတွက် ပြည်တော်ချစ်အနုပညာရှင်တွေစုပြီး ဘောလုံးကစားတဲ့ရန်ပုံငွေပွဲမှာ ကျောနံပါတ် ၁၈နေရာကနေပြီးတော့ ပါဝင်ကစားခဲ့ပါတယ်နော်။ ဒါပေမယ့် သူဟာ ကျန်းမာရေးတော့အနည်းငယ်မကောင်းခဲ့ပါဘူး။

"မနေ့က ဒူးတစ်ဘက်မကောင်းတဲ့ဒဏ်နဲ့ အကောင်းဆုံးအတတ်နိုင်ဆုံး ကစားခဲ့ပါတယ် အကောင်းဆုံးကစားပေးသွားတဲ့ အပြာအသင်း နဲ့အဖြူအသင်းမှကစားဖော်ညီအစ်ကို များအားလုံး repect ပါ ရေဘေးအလှူ အတွက်အလှူငွေတွေအများကြီးလှူပေးကြတဲ့သူများအားလုံးကို လည်းကျေးဇူးပင်လယ်ပါခင်ဗျာ ...နိုင်တာရှုံးတာထက် ညီအစ်ကို တွေချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံး ပွဲလေးကို အကောင်းဆုံးအတူတူပုံဖော်ဖန်တီးနိုင်ခဲ့ကြတဲ့အတွက် အရမ်းပျော်ခဲ့ပါတယ် ..." ဆိုပြီးတော့လည်း သူ့ရဲ့အနုပညာညီအကိုတွေကို ကျေးဇူးတင်စကားဆိုထားပါတယ်နော်။ ကဲ... ဒူးတစ်ဖက်မကောင်းခဲ့ပေမယ့် အောင်မြင်မှုတွေကို ထိုက်ထိုက်တန်တန်ရအောင်ယူခဲ့တဲ့ ရဲလေးရဲ့ ကစားပွဲကပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source: Ye Tun Min

Photo Crd: Paradise studio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။