အဆိုတော် ပိုပိုက ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပတာဖြစ်ပြီး ဖြူဖွေးဝင်းပတဲ့ အသားအရေကို ပိုင်ဆိုင်ထားတာပါ...။ ပိုပိုကတော့ မော်ဒဒယ်လ်၊ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ခဲ့တာဖြစ်ပါတယ်..။ အခုနောက်ပိုင်းမှာဆိုရင်တော့ သူမဟာဆိုရင် သိန်းထောင်ချီတန်တဲ့ ကိုယ်ပိုင်စတိုဒီယို အိမ်ကြီးဆောက်လုပ်ထားပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးဆောင်လုပ်ကိုင်နေတာဖြစ်ပါတယ်...။

ပိုပိုရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို အများအပြားလက်ခံရိုက်ကူးလျက်ရှိတာဖြစ်ပါတယ်...။ မယ်သီလရှင် ဆရာလေးအဖြစ်လည်း သာသနာ့တာဝန်ကို တနိုင်တပိုင် သယ်ပိုးထမ်းဆောင်ခဲ့တာဖြစ်ပါတယ်...။ ပိုပိုရဲ့ အချစ်ရေးဟာတော့ အခုလတ်တလောမှာတော့ တည်ငြိမ်လျက်ရှိပြီး ချစ်ရသူသူငယ်ချင်းတွေနဲ့ ဘဝကြီးကို အေးချမ်းသာယာစွာဖြတ်သန်းနေတာပါ..။

ပိုပိုက ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျုးိကိုအစဉ်အမြဲဖော်ပြပေးလျက်ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ပို က မှော်ဆရာမ လေးဆိုမောင် ချစ်အောင်ပြုစားလိုက်ချင်တယ်" ဆိုတဲ့ status လေးနဲ့အတူ Tik tok ဗီဒီယိုဖိုင်လေးကိုပြုလုပ်ထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။