ပရိသတ်ကြီးရေ.. အောင်မြင်ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိထားပေမယ့် အိမ်ထောင်ပြုပြီးနောက်ပိုင်း အနုပညာအလုပ်တွေ နည်းပါးသွားတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချောကတော့ သဉ္ဇာနွယ်ဝင်းပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့ အချစ်တွေအပြင် ချစ်စရာသားသားလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတဲ့ သူမကတော့ ခင်ပွန်းဖြစ်သူရဲ့ အုမတ်တနိုးနဲ့ ချစ်ခင်အလိုလိုက်မှုတွေကိုလည်း ပိုင်ဆိုင်ထားသူပါနော်..။

သဉ္ဇာရဲ့ သားလေး Peach Lay လေးကလည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အားလုံးက ချစ်ခင်နေရသူလေးပဲ ဖြစ်ပါတယ်နော်..။

အခါတစ်ခါမှာလည်း ခင်ပွန်းဖြစ်သူနဲ့ သားလေးတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်အတူကစားနေကြတဲ့ ပုံရိပ်မြင်ကွင်းလေးကို ကြည့်ရင်း ကြည်နူးပီတိလေးတွေနဲ့အတူ ပျော်နေပါတယ်နော်..။

"အချစ်နဲ့ အနှစ်

i love u two so much.." ဆိုပြီး သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း မျှဝေထားပါသေးတယ်နော်..။

ပရိသတ်ကြီးတို့ရဲ့ အားကျချစ်ခင်ရတဲ့ မင်းသမီးချောသဉ္ဇာနွယ်ဝင်းတို့ မိသားစုလေးရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုလည်း အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - သဉ္ဇာနွယ်ဝင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။