ရေကြီးမှုကြောင့် ပျက်စီးညစ်ပတ်မှုတွေများစွာရှိခဲ့တဲ့ပြည်တွင်းဒေသတွေရဲ့ ပုံရိပ်တွေကို ပရိသတ်တွေလည်း တွေ့ရှိကြမယ်ထင်ပါတယ်။ အဆိုပါမြို့တွေထဲမှာ မွန်ပြည်နယ် မော်လမြိုက်ခရိုင် ကျိုက်မရောမြို့လည်း ပါဝင်လျှက်ရှိတာတွေ့ရပါတယ်။ မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္တရံမြစ်ရေ မြင့်တက်မှုကြောင့် ကျေးရွာပေါင်း ၃၁ ရွာနှင့် အိမ်ထောင်စု ပေါင်း (၁၁၁၂၀) လူဦးရေ(၅၆၀၀၀)ကျော် ရေကြီးနစ်မြှပ်မှုဒဏ်ခံခဲ့ရတာပဲဖြစ်ပါတယ်။

အဆိုပါရေကြီးမှုကြောင့် လယ်ဧကပေါင်း နှစ်သောင်းကျော် ရေလွှမ်းမိုးခံခဲ့ရသော်လည်း လူနှင့် ကျွဲနွားတိရိစ္ဆာန်များ သေကြေပျက်စီးမှု မရှိခဲ့ကြောင်း ကျန်းမာရေးနှင့် ပတ်သက်၍လည်း ရောဂါများ၊ အနာဆိုးများ ဖြစ်ပေါ်သူ မရှိခဲ့ကြောင်း သိရပါတယ်။ ရေဘေးသင့် ပြည်သူများမှာလည်း စားစရာ ဝတ်စရာ အခက်အခဲများ မရှိကြောင်း၊ မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်များ၏ ထောက်ပံ့ပစ္စည်းမျိုးစုံတို့ကို ကယ်ဆယ်ရေးစခန်းများ ပိတ်ချိန်ထိ လူသားချင်းစာနာထောက်ထားစွာ မေတ္တာတရာဖြင့် လာရောက် ကူညီ လှူဒါန်းသူ အလွန်ပေါများသဖြင့် ရေဘေးနှင့် ကြံရသော်လည်း အခက် အခဲ နည်းခဲ့ကြောင်း သိရပါတယ်။

ယခုချိန်တွင် ပြန်လည်ထူထောင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များက မြေပြင်စာရင်းများကောက်ယူကာ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ လက်ရှိ ကျိုက်မရော မြို့သူ၊ မြို့သားများကလည်း မိမိတို့၏ မူလလုပ်ငန်းများကို ပြန်လည်လုပ်ကိုင် စားသောက်နေကြပြီး ရောင်းဝယ်ဖောက်ကားသူများဖြင့် ပြန်လည် စည်ကားလျက်ရှိပြီး အခြေခံပညာကျောင်းများလည်း ပြန်လည်ဖွင့်လှစ် လျက်ရှိကြောင်း သိရပါတယ်။

source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။