ပရိသတ်ကြီးရေ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ အခုဆိုရင်အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့အချစ်ကိုရရှိပြီး အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။အနုပညာကိုဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် တက္ကသိုလ်ကျောင်းသူဘဝကတည်းက ကျောင်းပွဲတွေမှာလည်းဖျော်ဖြေပြီး အကဗီဒီယိုဖိုင်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှာမျှဝေခဲ့လို့ ပရိသတ်တွေက စတင်သတိထားမိလာခဲ့တာဖြစ်ပါတယ်။

ဖြူဖြူထွေးက အနုပညာလောကကိုဝင်ရောက်လာချိန်မှာ ပရိသတ်အချို့ရဲ့အတိုက်အခိုက်တွေနဲ့ကြုံခဲ့ရပေမယ့်လည်း အသက်ငယ်ငယ်လေးနဲ့သည်းခံနိုင်စိတ်မွေးမြူနိုင်တာ ချီးကျူးစရာပါပဲနော်။ဖြူဖြူထွေးဟာဆိုရင် သူမရဲ့အနုပညာကြေးလေးတွေနဲ့ မိသားစုကိုလည်းထောက်ပံ့ပြီး အိမ်ကောင်းကောင်းလည်းဆောက်ပေးနေတာကြောင့် သိတတ်တဲ့သမီးလိမ္မာလေးတစ်ယောက်ဖြစ်ပါတယ်။

ဖြူဖြူထွေးက လက်တလောမှာအနုပညာအလုပ်တွေအရမ်းခြေလှမ်းစိပ်နေပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာကိုတွေ့ရပါတယ်။အခုဆိုရင်လည်း အရမ်းချစ်စရာကောင်းတဲ့အရုပ်မလေးတစ်ရုပ်လိုပြင်ဆင်ကာ ဂိမ်းပွဲတစ်ခုကိုတက်ရောက်လာတာဖြစ်ပါတယ်။ဖြူဖြူထွေးကတော့ သူမတက်ရောက်တဲ့ပွဲလေးကို မိခင်ကိုပါအတူခေါ်သွားပြီး သားအမိနှစ်ယောက်အရမ်းချစ်စရာကောင်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာပါတယ်နော်။

Source:Phyu Phyu Htwe/Photo:Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။