မြန်မာ့လက်ဝှေ့ကိုကမ္ဘာကသိအောင် ယှဉ်ပြိုင်ထိုးသတ်ရင်းနဲ့ အောင်မြင်မှုတွေရရှိနေတာကတော့ မြန်မာပြည်ချန်ပီယံဒေဝပဲဖြစ်ပါတယ်။သူကတော့ မြန်မာနိုင်ငံသားအဖြစ်ခံယူပြီး မြန်မာ့လက်ဝှေ့ကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ယှဉ်ပြိုင်ထိုးသတ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။မြန်မာ့လက်ဝှေ့ကိုရူးသွပ်တာကြောင့် ရှုံးပွဲတွေနဲ့စတင်ခဲ့ရပေမယ့် ကြိုးစားမှုတွေကြောင့်ခုဆိုအောင်မြင်မှုတွေပါရရှိနေတာဖြစ်ပါတယ်။

နိုင်ငံခြားသားလက်ဝှေ့ကစားသမားတွေနဲ့ လည်းမြန်မာ့လက်ဝှေ့ကိုယှဉ်ပြိုင်ထိုးသတ်ရင်း အောင်ပွဲတွေရယူနေတာပါ။သူကတော့ နောက်ထပ်ပွဲစဉ်တွေကိုလည်းကစားဖို့ရှိနေပြီး ပရိသတ်တွေကလည်း အောင်မြင်မှုတွေယူပြီး နိုင်ငံအလံကိုလွှင့်ထူပေးနေရတာကြောင့်ချစ်နေရတာဖြစ်ပါတယ်။

သူကတော့ ခုမှာလည်း မြန်မာသူရဲကောင်းအကျော်အမော်တွေထိုးလေ့ရှိတဲ့ ထိုးကွင်းတွေကိုလည်း ဂုဏ်ယူဝင့်ကြွားစွာထိုးခဲ့တာဖြစ်ပါတယ်။သူကတော့ အရင်တုန်းကထိုးကွင်းတစ်ဝက်ပဲရှိခဲ့တာဖြစ်ပြီး ခုမှာတော့ ထိုးကွင်းအပြည့်ထိုးပြီတာဖြစ်ပါတယ်။သူကတော့ ဒီလိုထိုးပြီးတာဟာ လက်ဝှေ့ဘိုးဘေးဘီဘင်တွေဆီကအားတွေရလိုက်သလိုခံစားရတယ်ဆိုတာပြောကြားရင်းပရိသတ်တွေအတွက်ထိုးကွင်းvideo လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Dave

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။