ဟာသမင်းသမီးလေးအဖြစ် လူသိများတဲ့ ဖြူဖြူထွေးကတော့ ပျော်ပျော်နေတတ်ပြီး ဟန်ဆောင်မှုကင်းသူလေးလို့ ဆိုနိုင်ပါတယ်။ နာမည်လေးနဲ့လိုက်အောင် ရိုးသားဖြူစင်လွန်းတဲ့ ဖြူဖြူထွေးက စကားအပြောအဆို၊ အမူအရာလေးတွေကအစ အမှန်တကယ်ကို အပြစ်ကင်းစင်နတာလည်း ဖြစ်ပါတယ်။ ဖြူဖြူထွေးက ဟာသနဲ့အကဗီဒီယိုလေးတွေရိုက်ကူးရင်း Facebook Cele တစ်ဦးဖြစ်လာခဲ့ရာမှ ယနေ့အချိန်မှာတော့ အနုပညာအလုပ်တွေကို မနားတမ်းလက်ခံရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ဖြူဖြူထွေးက ပွဲအခမ်းအနားတွေအများဆုံးဖိတ်ကြားခြင်းခံရသလို ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေလည်း အဆက်မပြတ်ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား ပရိသတ်တွေမရိုးနိုင်အောင် ဗီဒီယိုလေးတွေတင်ပေးလေ့ရှိတဲ့ ဖြူဖြူထွေးက အခုလည်း ဘောလုံးစွမ်းရည်တွေကို ပြသထားတဲ့ ဗီဒီယိုလေးကို မျှဝေလိုက်ပြန်ပါတယ်။ ဖြူဖြူထွေးက မကြာခင်မှာ ကျင်းပပြုလုပ်မယ့် သက်ကြီးလူရွှင်တော်တွေအတွက် ရန်ပုံငွေဘောလုံးပွဲကြီးမှာ ပါဝင်ကစားဖို့ လေ့ကျင့်နေတာ ဖြစ်ပါတယ်။

ဖြူဖြူထွေးက '' ဘောလုံးသမားလေး ဖြူဖြူထွေးရဲ့ ဂိုးသွင်းစွမ်းရည် '' ဆိုပြီး ဘောလုံးကစားနေတဲ့ ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးမှာတော့ ဖြူဖြူထွေးတစ်ယောက် မထင်မှတ်ထားလောက်အောင်တော်လွန်းတဲ့ ဂိုးသွင်းစွမ်းရည်တွေကို အပီအပြင်ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖြူဖြူထွေးရဲ့ ဘောလုံးစွမ်းရည်ပြသထားတဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Phyu Phyu Htwe;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။