ပရိသတ်ကြီးတို့ရဲ့ အချစ်တော်လေး သရုပ်ဆောင်မင်းသမီးချောသက်မွန်မြင့်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို ဟန်ဆောင်မှုကင်းပြီး ဖြူစင်တဲ့ အပြုံးချိုချိုလေေးတွနဲ့ ကလေးလေးတစ်ယောက်လို ရိုးသားပြီး ချစ်စရာကောင်းသူလေးမို့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားပြီး ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေတဲ့ ချစ်သက်လေးကတော့ ကြည်နူးပျော်ရွှင်စရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားသူလေးပါနော်..။


အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတဲ့ ချစ်သက်လေးကတော့ သြဂုတ်လ(၂၅)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ Brand’s ရဲ့ အခမ်းအနားပွဲလေးကိုလည်း တက်ရောက်ဖြစ်ခဲ့ပါတယ်..။

Brand’s ရဲ့ အခမ်းအနားပွဲလေးမှာလည်း အနီရောင်မြန်မာဝတ်စုံလေးကို ကျော့ရှင်းစွာ ဆင်မြန်းထားပြီး ထိုင်းမင်းသမီးလေးနဲ့အတူ ရဲရဲတောက်ဖက်ရှင်လေး ဆင်တူဝတ်ကာ မြန်မာဆန်တဲ့အလှတွေနဲ့ ဝင့်ကြွားပြလိုက်သလိုပါပဲနော်..။


“ဒီနေ့ တက်ဖြစ်တဲ့ Brand’s ပွဲလေးမှာရဲရဲတောက်လေးပါ!

ချစ်ရတဲ့ မမိုးနဲ့ ကိုယ်သဘောကျတဲ့ ယိုးဒယားမလေးနဲ့ ပျော်စရာအချိန်လေး..” ဆိုပြီး ခအမ်းအနားပွဲတက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေနဲ့ အပျော်လေးတွေကိုလည်း ပရိသတ်တွေကို မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေကို အမြဲအချစ်ပိုစေတဲ့ ချစ်သက်လေးကတော့ အခုတစ်ခါမှာလည်း ရဲရဲတောက်တဲ့ အလှတရားတွေနဲ့ ကျော့ရှင်းစွာ လှသွေးကြွယ်နေပြီး ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ အားလုံးရဲ့ အမြင်အာရုံတွေကို သိမ်းပိုက်လိုက်ပြန်ပါတယ်နော်..။


Photo - သက်မွန်မြင့်၊ Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။