အနုပညာလောကမှာ ဆယ်စုနှစ်ကျော်တိုင်အောင် အောင်မြင်မှုများစွာရရှိထားသူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ သူမရဲ့ ဇာတ်ကားတိုင်းဟာလည်း ခံစားချက်အပြည့်ဖြင့် သရုပ်ဆောင်မှုတွေကြောင့်လည်း ယနေ့ထိတိုင် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ယနေ့ထိတိုင် အားပေးချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကိုသာမကပဲ ပရဟိတအလုပ်တွေကို မအားမလပ်တဲ့ကြားက လုပ်ဆောင်နေတဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

သူမဟာ အပြစ်မဲ့တဲ့ ကလေးများကို ကိုယ်ပိုင်ဂေဟာလေးတစ်ခုတည်ထောင်ကာ ကိုယ်တိုင်ကိုယ်ကျ ပြုစုပျိုးထောင်ပေးနေတာပဲ ဖြစ်ပါတယ်။ သူမရဲ့ ပရဟိတစိတ်အားထက်သန်မှုတွေကိုတော့ အားလုံးက မချီးကျူးပဲမနေနိုင်လောက်အောင်ပါပဲ။ လတ်တလောမှာလည်း အနုပညာအလုပ်တွေနဲ့ ပရဟိတအလုပ်တွေကို မအားလပ်ရအောင် လုပ်နေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အားလပ်ချိန်များကိုလည်း ချစ်စရာကောင်းတဲ့ သား၊သမီးတွေနဲ့ ကုန်ဆုံးတတ်ပါသေးတယ်။

အခုတစ်ခေါက်မှာလည်း သူမရဲ့ချစ်စရာကောင်းတဲ့ သားလေးရဲ့ ဗီဒီယိုလေးကို ဝေမျှထားတာပါ။ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း " သားသားကိုခန့်ကြီး အိပ်ငိုက်နေရှာတာ

ပုဆိုးနဲ့လည်ကတုံး ဝတ်ပြီး ငိုက်နေတာ ချစ်လိုက်တာ သားလေးရယ်

သူ့ ငိုက်နေတာလေးကိုချစ်လို့ ချက်ချင်းမချီသေးပဲ video ရိုက်နေမိတာ

ကျမရဲ့ ပီတိအစိုင်အခဲ

ချစ်တယ် သားလေးခိုင်ခန့်မောင် " ဆိုပြီး ဝေမျှထားတာပါ။ ပရိသတ်ကြီးအတွက် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Khine Hnin Wai  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။