ပရိတ်သတ်ကြီးရေ.... ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ အနုပညာလောကမှာ အရမ်းကိုအောင်မြင်ကျော်ကြာ်းနေတဲ့ အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ ချစ်စနိုးနဲ့ကစ်လို့ခေါ်ကြတဲ့ သူမကတော့ ဆယ်ကျော်သက်အရွယ်ကတည်းက အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းပြီး ဖြူစင်တဲ့အမူအရာတွေကြောင့် ယောကျာ်းပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်အားပေးလျက်ရှိတာဖြစ်ပါတယ်။

သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားကြီးများမှာ ပါဝင်ရိုက်ကူးထားပြီး၊ ကြော်ငြာတွေလည်းလက်ခံရိုက်ကူးထားတာဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေမှာလည်း ဖိတ်ကြားခံရတဲ့ မြန်မာပြည်ရဲ့ ထိတ်တန်းမင်းသမီးတစ်ဦးဖြစ်ပါတယ်။ ရွှေကစ်လေးရဲ့ လက်ရှိ အချစ်ရေးက တည်ငြိမ်လျက်ရှိပြီး ဘဝကြီးကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ ခရီးသွားဝါသနာပါတဲ့ ရွှေကစ်လေးကတော့ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးတွေ ထွက်လေ့ရှိတာဖြစ်ပါတယ်...။

ရွှေကစ်လေးက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကိုးရီးယားနိုင်ငံ သွားရောက်တုန်းက ရိုက်ကူးခဲ့တဲ့ အမှတ်တရ အလှပုံရိပ်တွေကို သူမရဲ့ official page တွင် "Korea ကိုလွမ်းလို့" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်တွေကိုထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Wutt Hmone Shwe Yi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။