ပရိသတ်ကြီးရေ မင်းသမီးချောလေးသင်ဇာဝင့်ကျော်ဟာဆိုရင် စိတ်ထားလေးကလည်းဖြူစင်သလို လူလေးကလည်းအရမ်းလှတာကို ပရိသတ်ကြီးသိမှာပါနော်။သင်ဇာဝင့်ကျော်က ခေတ်ရေစီးကြောင်းအတိုင်းလိုက်လျောညီထွေစွာ ဝတ်ဆင်တတ်ပြီး ဘယ်သူနဲ့မှမတူတဲ့အလှအပတွေကြောင့် ပရိသတ်တွေကအမြဲတမ်း အံ့သြမှင်သက်နေရတာပဲဖြစ်ပါတယ်။သင်ဇာကတော့ အချိန်တိုင်းဖက်ရှင်ကျပြီး ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။

သင်ဇာကတော့ မော်ဒယ်လ်တစ်ယောက်လည်းဖြစ်တာကြောင့် ခန္ဓာကိုယ်ကောက်ကြောင်းကလည်း ဖွံ့ဖွံ့ထွားထွားနဲ့ အရမ်းလှပါတယ်နော်။သင်ဇာရဲ့အနုပညာလှုပ်ရှားမှုတွေကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်ထားပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာတွေ့ရပါတယ်။သင်ဇာပါဝင်သရုပ်ဆောင်ထားတဲ့ Crush ရုပ်ရှင်ဇာတ်ကားကြီးက လက်တလောမှာရုံတင်နေတာဖြစ်လို့ ပရိသတ်တွေကလည်း တစ်ခဲနက်ကိုအားပေးနေကြတာပါ။

သင်ဇာက ပရဟိတအရေးဆိုလည်း စွမ်းစွမ်းတမံပါဝင်တတ်တဲ့သူဖြစ်လို့ မွန်ပြည်နယ်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံတဲ့ ပရဟိတပွဲလေးမှာ ကိုယ်တိုင်လည်းအလှူငွေကောက်ခံပေးတာဖြစ်ပါတယ်။သင်ဇာရဲ့စိတ်ထားလေးကအရမ်းလှတာကြောင့် သူမရဲ့အလှတွေကပါပိုပေါ်လွင်နေတာပါနော်။အခုဆိုရင်တော့ ရိုးရိုးဂါဝန်လှလှလေးဝတ်ထားပြီး ကလေးဆန်ဆန်လေးလှနေတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Thin Zar Wint Kyaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။