ဂျူဗင်တပ်အသင်းလူငယ်တိုက်စစ်မှူးဒိုင်ဘာလာကတော့ PSG အသင်းကိုပြောင်းရွေ့ဖို့အတွက် ကြိုးစားနေရာမကြာခင်အပြောင်းအရွေ့ဖြစ်လာနိုင်ဖွယ်ရှိနေတာပါ။အပြောင်းအရွေ့ဖိတ်ဖို့ သိပ်မလိုတော့တာကြောင့် PSG အသင်းဟာ တိုက်စစ်အတွက်လူငယ်ကစားသမားကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒိုင်ဘာလာအတွက် PSG အသင်းကသန်း၈၀ သတ်မှတ်ထားပေမယ့် ဂျူဗင်အသင်းကသန်း၁၀၀အထိလိုချင်နေတာဖြစ်ပါတယ်။ဒါကြောင့်အပြောင်းအရွေ့ဟာကြန့်ကြာနေတာဖြစ်ပါတယ်။ဒိုင်ဘာလာဟာ ပြီးခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ပွဲစဉ်မှာလည်း အရံခုံမှာ သာထိုင်ခဲ့ရတာဖြစ်တာကြောင့် အသင်းကထွက်ခွာဖို့ သေချာသလောက်ရှိနေတာဖြစ်ပါတယ်။

ဒိုင်ဘာလာဟာ နွေရာသီအပြောင်းအရွေ့ကတည်းက အင်္ဂလန်ကလပ်တွေဖြစ်တဲ့ မန်ယူအသင်းနဲ့ စပါးအသင်းတို့ကိုပြောင်းရွေ့ဖို့သတင်းတွေထွက်ခဲ့ပေမယ့် နောက်ဆုံးမှာအပြောင်းအရွေ့ပျက်ပြယ်ခဲ့တာပါ။ဒါကြောင့်ဒီတစ်ခါအပြောင်းအရွေ့ကလည်း ပရိသတ်တွေကြားမှာစိတ်ဝင်စားနေတာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။