အဆိုတော်၊ သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးကတော့ ဘိုဆန်ဆန်မျက်နှာလေးနဲ့ ကိုရီးယားသူလေးတစ်ဦးလို ဖြူဖွေးနုဖတ်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နတ်သက်ကြွေလာတဲ့ နတ်မိမယ်လေးလို့တောင် အထင်မှားရတဲ့ နန်းဆုလေးက သူမရဲ့အသံချိုချိုလေးနဲ့ သီချင်းကောင်းကောင်းလေးတွေကို သီဆိုလေ့ရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နန်းဆုက တေးသီချင်းလေးတွေကို ဖန်တီးထုတ်လုပ်ရင်း ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ပရိသတ်တွေ အသည်းခိုက်အောင် ကြွေနေရတဲ့ ရွှေမင်းသမီးလေးနန်းဆုက အခုဆိုရင် အရင်ကထက်အလှတွေပိုတိုးလာလို့ မြင်သူတိုင်းက ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားလေးတွေ မကြာခဏဆိုသလိုတက်ရောက်နေရတဲ့ နန်းဆုလေးက မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရွှေနန်းတော် ရတနာရွှေဆိုင် ဈေးရောင်းပွဲတော်ကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ နန်းဆုက ရဲရဲတောက်နေတဲ့ အနီရောင်ပွဲတက်ဝတ်စုံလေးနဲ့ မိဖုရားတစ်ပါးလို လှသွေးကြွယ်နေခဲ့တာ ဖြစ်ပါတယ်။

နန်းဆုက " ဂုဏ်ယူဝင့်ကြွားစွာဖြင့် ဝတ်ဆင်ဖြစ်တဲ့ နန်းဆန်ဆန်ဝတ်စုံအနီရဲရဲလေး မန္တလေးမြို့ ရွှေနန်းတော် အရောင်းပွဲတော်မှာ ကိုမျိုးမင်းစိုးဝတ်စုံလေးနဲ့ ရွှေနန်းတော် လက်ဝတ်ရတနာတွေကိုဝတ်ဆင်ပြီး show လျှောက်ဖြစ်ခဲ့ပါတယ် " ဆိုပြီး ပွဲတက်ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး နန်းဆုရတီစိုးရဲ့ တော်ဝင်မိဖုရားတစ်ပါးလို ရှုမငြီးတဲ့အလှပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nansu Yati Soe;

Photo - Zaw Myo Htet (Mandalay)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။