ပရိသတ်တွေချစ်ခင်အားပေးရတဲ့ ယွန်းဝတီလွင်မိုးကတော့ သားချောလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံကတော့ သြဇီမှာကျောင်းတက်နေကြပြီး သားလေးကိုတော့ ဖေဖေ မေမေတို့လက်ထဲကိုအပ်ခဲ့တာဖြစ်ပါတယ်။သြဇီမှာကျောင်းတွေပိတ်လို့ မြန်မာပြည်ပြန်လာချိန်မှာတော့ ယွန်းဝတီလွင်မိုးက သားလေးကိုအချိန်အပြည့်ပေးပြီး အနုပညာအလုပ်တွေကိုလည်းလုပ်ဆောင်တာကိုတွေ့ရပါတယ်။ 

သားချောလေး Liam လေးကလည်း အရမ်းချစ်စရာကောင်းတာကြောင့် တွေ့မြင်တဲ့သူတိုင်းကအရမ်းချစ်ပြီး လက်ထဲကမချိနိုင်အောင်ဖြစ်နေကြတာပါ။Liamလေးကတော့ မေမေ၊ဖေဖေနဲ့လည်းတူသလို ဖိုးဖိုးလွင်မိုးနဲ့လည်း တူတယ်လို့ ပရိသတ်တွေကပြောကြပါတယ်။ဖိုးဖိုးလွင်မိုးကေတာ့ မြေးလေးကိုအရမ်းချစ်ပြီး အားတဲ့အချိန်တိုင်းမှာ မြေးလေးနဲ့အတူတူဆော့ကစားပေးကာ ပျော်ပျော်ရွှင်ရွှင်နဲ့အချိန်တွေကိုကုန်ဆုံးပါတယ်နော်။

Liamလေးကတော့ ဖြူဖြူဖွေးဖွေးလုံးလုံးလေးနဲ့ အသည်းယားစရာလေးဖြစ်လို့ ပရိသတ်တွေကတော့ လီလီလုံးလေးလို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။အခုဆိုရင်တော့ Liam လေးက ဖွားဖွား၊တီတီတို့နဲ့အတူ လည်လည်သွားရလို့ ပျော်ရွှင်နေပြီး တွန်းလှည်းလေးပေါ်မှာ ဇိမ်လေးနဲ့ တီတီယွန်းနဒီလွင်မိုးရဲ့မျက်နှာလေးကိုစိုက်ကြည့်နေကာ ပျော်ရွှင်နေတဲ့ ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။