"စိတ်၏ခြေရာ"၊ "မိုးကောင်ကင်အိမ်မက်" စတဲ့ Mrtv-4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ သဘာဝကျကျ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားချော ကျော်ထက်ဇော်ကို အားလုံးပဲသိကြမှာပါ..။ သူက ယောက်ျားပီသ ခန့်ညားပြီး စတိုင်လ်သေသပ်တဲ့ အတွက်ကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်..။ ကျော်ထက်ဇော်က စကားပြောပွင့်လင်းပြီး ပရိသတ်တွေအပေါ်မှာလည်း မာနမထားဘဲ ပြောဆိုဆက်ဆံတတ်သူဖြစ်ကြောင်းသူရဲ့ အင်တာဗျူးဗီဒီယိုဖိုင်တွေကြည့်ရင် သိနိုင်မှာပါ..။


ကျော်ထက်ဇော်က နော်ဝေးနိုင်ငံသို့ အပန်းဖြေခရီးသွားရောက်လည်ပတ်နေပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်...။ နာမည်ကြီးနေရာ တော်တော်များသို့လည်း ရောက်ရှိခဲ့ပြီး ပရိသတ်တွေ နိုင်ငံအနှံ့က ဗဟုသုတွေရရှိအောင် live လွှင့်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်...။ ကျော်ထက်ဇော်ရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shootingတွေ၊ ကြော်ငြာမဂ္ဂဇင်းတွေကို လက်ခံရိုက်ကူးလျက်ရှိပြီး နောက်ရိုက်မယ့် ဇာတ်လမ်းတွဲတွေ အတွက်လည်း ကြိုးစားပြင်ဆင်လျက်ရှိတာဖြစ်ပါတယ်...။

ကျော်ထက်ဇော်က ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "Sweden" သို့ရောက်ရှိနေပြီး "ကိုယ့် အိမ်မက်တွေထဲက နေရာလေးတစ်ခု" ဆိုတဲ့ status လေးနဲ့အတူ ခရီးသွား အမှတ်တရပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Kyaw Htet Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။