လူမှုကွန်ယက်စာမျက်နှာထက်မှာ အားပေးသူပရိသတ်တွေ အခိုင်အမာရရှိပြီး အောင်မြင်နေတဲ့ Cele တွေထဲမှာတော့ မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း)လည်း တစ်ယောက်အပါအဝင် ဖြစ်ပါတယ်။ သုသုလို့အများက ခေါ်ဝေါ်ကြတဲ့ သူမကတော့ ဟာသဗီဒီယိုလေးတွေနဲ့ လူသိများအောင်မြင်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သုသုက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ " ကျားကျားကြိုက်ကြိုက် " ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။

ဟာသဉာဏ်ရွှင်ပြီး ပျော်ပျော်နေတတ်တဲ့ သုသုတစ်ယောက် ရုပ်တည်ကြီးနဲ့ အခွီပုံစံတွေလုပ်ပြထားတဲ့ ဟာသဗီဒီယိုလေးတွေကို မကြာခဏ တင်လေ့ရှိတာပဲ ဖြစ်ပါတယ်။ အူတက်အောင်ရယ်နေရတဲ့ သုသုရဲ့ဗီဒီယိုလေးတွေက ကြည့်ရှုသူပရိသတ်တွေ အများအပြားရရှိပြီး အောင်မြင်နေတာ ဖြစ်ပါတယ်။ အခုလည်း သုသုက သူမရဲ့ချစ်သူကို တီတီတာတာလေးချွဲနေရင်းနဲ့ မေးခွန်းလေးတစ်ခုကို မေးလိုက်မိတာ တွေ့ရပါတယ်။

သုသုက ချစ်သူကို ကိုကိုလို့ချစ်စနိုးလေးခေါ်ပြီး ယောက်ျားနှစ်မျိုးရှိတဲ့အထဲမှာ သုသုကမိန်းမလျာဆိုတော့ ကိုကိုကရောဆိုပြီး မေးခွန်းလေး မေးလိုက်တာပဲ ဖြစ်ပါတယ်။ မထင်မှတ်ထားတဲ့ ချစ်သူရဲ့အဖြေကြောင့် သုသုတစ်ယောက် ပြောစရာစကားမရှိအောင်ဖြစ်သွားခဲ့တာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အခွီပုံစံလေးရိုက်ကူးထားတဲ့ သုသုရဲ့ဟာသဗီဒီယိုအသစ်လေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Nyi Nyi Mg- Sanchaung;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။