မခိုင်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ ဒိတ်ဒိတ်ကြဲအောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပါနော်..။

မပွတ်ကျွတ်ဆိုတဲ့ ဇာတ်ကောင်နာမည်နဲ့ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေအပြင် ယောင်္ကျားလေး မိန်းကလေး ပရိသတ်တွေမရွေး အားလုံးက ချစ်ခင်အားပေးရတဲ့ မခိုင်လေးကတော့ ဟန်ဆောင်မှုတွေကင်းပြီး ပွင့်လင်းတဲ့ဟန်ပန်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ..။


ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးအဖြစ် ရပ်တည်နေတဲ့ မခိုင်လေးကတော့ လူလတ်ပိုင်းအရွယ်ကို ရောက်ရှိနေပေမယ့်လည်း ယနေ့အချိန်ထိ နုပျိုလှပမှုလေးတွေနဲ့ ချစ်ဖို့ကောင်းနေပုံလေးတွေကတော့ ပရိသတ်တွေတိုင်းကို အချစ်ပိုစေပါတယ်နော်..။

အနုပညာလောကမှာ ပရိသတ်တွေအချစ်တွေကို သိမ်းပိုက်ရရှိထားသလို ချစ်စရာကောင်းတဲ့ သမီးလေးစံထိပ်ထားဦးကိုလည်း ပိုင်ဆိုင်ထားပြီး ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်နော်..။


အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေသလို MYANMAR’S GOT TALENT မှာလည်း ဒိုင်အဖြစ် ပါဝင်နေတာတွေ့ရပါပြီး အလန်းစားဖက်ရှင်လေးတွေနဲ့ ကျော့ရှင်းစွာလှရက်လွန်းနေတဲ့ မခိုင်လေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို အမိုက်စားပါပဲနော်..။

အစိမ်းရောင်နဲ့ ခဲရောင်စပ်ထားတဲ့ Evening Gown ဖက်ရှင်ဝတ်စုံလေးနဲ့ ဆယ်ကျော် အပျိုဖြန်းမလေးတွေ ရှုံးလောက်အောင် နုပျိုမှုတွေနဲ့ မြင်သူတိုင်း လည်ပြန်ငေးနေရလောက်အောင်ကို လှသွေးကြွယ်နေတာမို့ ပရိသတ်တွေကို အချစ်ပိုသဘောကျစေပါတယ်နော်..။

Photo - Khant Min Htin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။