မကြာမီယှဉ်ပြိုင်ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲကို ပရိသတ်တွေလည်း ရင်ခုန်နေကြမယ်ထင်ပါတယ်။ အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာဗီရာကတော့ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၃ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး သမိုင်းဝင်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။   

အောင်လအန်ဆန်းကတော့ အဆိုပါပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေကို လနဲ့ချီကြိုးစားခဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိပြိုင်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါ "One Championship 100th Catd" ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာရင်းကို ကြိုတင်ထုတ်ပြခဲ့ပြီပဲဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ အဓိကခါးပတ်လု ပွဲနှစ်ပွဲပါဝင်နေပြီး အခြားနာမည်ကြီးပွဲကောင်းတွေလည်း ထည့်သွင်းထားတာတွေ့ရပါတယ်။  

အဓိက Main ပွဲကြီးအဖြစ် အောင်လအန်ဆန်းနဲ့ ဗီရာတို့က ထိုးသတ်ကြမှာဖြစ်ပြီး သမိုင်းတွင်မယ့် ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာမှာအသေချာပဲဖြစ်ပါတယ်။ လက်ရှိ ပြိုင်ပွဲအတွက် စာကာတင်ပွဲပေါင်း ၁၁ ပွဲအထိရှိနေပြီး ကြားပွဲတွေနဲ့အတူ ထပ်မံဖြည့်စွတ်ဖို့ရှိနေသေးကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲမှာ မြန်မာဖိုက်တာ ဖိုးသော်လည်း ဝင်ရောက်ထိုးသတ်ဖို့ရှိနေကြောင်း အောင်လအန်ဆန်းကတော့ ပြောပြထားပါတယ်။ ပရိသတ်တွေနဲ့အတူ ရင်ခုန်စွာစောင့်ကြည့်ရမယ့် အောင်လအန်ဆန်းရဲ့ မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်ပွဲစဉ်ဇယားကို မျှဝေပေးလိုက်ပါတယ်။

photos - Aung La Nsang 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။