မင်းသမီးအေးဝတ်ရည်သောင်းက တစ်ခေတ်တစ်ခါ မြန်မာဗီဒီယိုလောကရဲ့နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်ခဲ့ပြီး အခုအချိန်ထိ နာမည်တစ်လုံးနဲ့ ရပ်တည်နေတာဖြစ်ပါတယ်...။ အနုပညာလောကမှာ ခေတ္တအနားယူသွားပေမယ့် "မအေးသောင်း" ဆိုတဲ့ နာမည်နဲ့ ပရိသတ်တွေကြား ပြန်လည်ရောက်ရှိလာပြီး ရေပန်းစားအောင်မြင်ကျော်ကြားလျက်ရှိတာဖြစ်ပါတယ်...။ အပျိုကြီးမအေးသောင်းက အရွယ်တင်နုပျိုလှပပြီး ခန္ဓာကိုယ်အချိုးအစားကလည်း အပြစ်ပြောစရာမရှိအောင် ဆွဲဆောင်မှုရှိလှပတာပဲဖြစ်ပါတယ်...။

မအေးသောင်းရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shootingတွေ၊ ကြော်ငြာမဂ္ဂဇင်းတွေ ရိုက်ကူးလျက်ရှိပြီး အခမ်းအနားဖွင့်ပွဲ တွေသို့တက်ရောက်ခဲ့တာဖြစ်ပါတယ်...။ မအေးသောင်းရဲ့ လက်ရှိအချစ်ရေးက တည်ငြိမ်လျက်ရှိပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကိုအေးချမ်းသာယာစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်...။ မအေးသောင်းက ကျန်းမာရေးလိုက်စားပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်ရရှိအောင် gym စတဲ့ လေ့ကျင့်ခန်းတွေကိုလည်း စနစ်တကျနဲ့ အချိန်ပုံမှန်ဆော့လေ့ရှိတာဖြစ်ပါတယ်...။

မအေးသာင်းက ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ရွှေမန္တလေးမြို့ကြီးမှာ ရွှေနန်းတော် နှင့်အတူ ကိုယ်ပြောချင်တဲ့စကားတွေ...ကိုယ့်မျက်လုံးထဲမှာ မြင်နိုင်ပါစေ" ဆိုတဲ့ status လေးနဲ့အတူ ပွဲတက်အလှပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Aye Thaung 

photo Credit Li John Ljl

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။