ပရိသတ်ကြီးရေ အဆိုတော်သားဂန်းနဲ့ သရုပ်ဆောင်မော်ဒယ်လ် ဘေဘီမောင်တို့နှစ်ယောက်ကတော့ အပြန်အလှန်မေတ္တာတွေနဲ့လက်တွဲနေကြတဲ့ ချစ်သူစုံတွဲတွေပဲဖြစ်ပါတယ်။နှစ်ယောက်လုံးက အနုပညာရှင်တွေဖြစ်ကြတာကြောင့် အလုပ်နဲ့ပက်သက်ရင်လည်း အကြံဉာဏ်တွေပေးပြီးကူညီကြပါတယ်နော်။သားဂန်းနဲ့ဘေဘီမောင်တို့ စုံတွဲလေးက အရမ်းလိုက်ဖက်ညီတာကြောင့် ပရိသတ်ကြီးကလည်းသဘောတူပြီးအရမ်းချစ်ကြပါတယ်။

သားဂန်းကလည်း သီချင်းအသစ်အသစ်တွေကို ဆက်လက်ဖန်တီးနေပြီး ဘေဘီမောင်ကေတော့ ရိုက်ကူးရေးတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ဘေဘီမောင်နဲ့သားဂန်းက စုံတွဲလိုက်လည်း ရှိုးပွဲတွေမှာပါဝင်ပြီး လျှောက်ကြသလို အခုနောက်ပိုင်းအနုပညာလှုပ်ရှားမှုတွေမှာ နှစ်ယောက်လုံးကို တွဲပြီးတွေ့နေရပါတယ်နော်။အေးအတူပူအမျှနဲ့ရှေ့ဆက်နေကြတဲ့ ဘေဘီမောင်တို့နှစ်ယောက်က အားကျစရာကောင်းတဲ့စုံတွဲလေးဖြစ်ပါတယ်။

အခုဆိုရင်တော့ ချစ်သူဘေဘီမောင် ဘောလုံးကန်တာကို ကွင်းထဲထိလိုက်ပြီး သွားရောက်အားပေးတဲ့ သားဂန်းကတော့"မနေ့က သူမဘောလုံးကန်လိုက်အားပေး ဘက်စုံထူးချွန်တဲ့သူမ"ဆိုပြီး ချစ်သူရဲ့ထူးချွန်မှုတွေကို ချီးကျူးထားပါတယ်နော်။ဘေဘီမောင်ကလည်း ဘောလုံးအားကစားဝတ်စုံလေးနဲ့ အရမ်းပဲကြည့်ကောင်းနေပြီး ဘက်စုံတော်တဲ့သူမရဲ့ပုံရိပ်လေးတွေ ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Baby Maung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။