ဂျူဗင်တပ်အသင်းမှာ ခြေစွမ်းပြဂိုးတွေနဲ့သွင်းယူပြီး အောင်မြင်မှုတွေယူပေးနေတဲ့ ရော်နယ်ဒိုကတော့ လက်ရှိအချိန်မှာအကောင်းဆုံးကစားသမားအဖြစ်ရပ်တည်နေတုန်းဖြစ်ပါတယ်။သူကတော့ ကစားသမားဘဝစတင်ချိန်ကတည်းကခုချိန်ထိ ဆုဖလားတွေဆုတံဆိပ်တွေနဲ့ အောင်မြင်မှုတွေများစွာသိမ်းပိုက်ထားတာဖြစ်ပါတယ်။

သူ့ရဲ့ကန်ချက်တွေ လိမ်ခေါက်တဲ့စကေးတွေကတော့ ပရိသတ်တွေအမြဲအားကျနေရတာဖြစ်ပါတယ်။ပညာသားပါပါကန်ချက်တွေ အကောင်းဆုံးပံ့ပိုးပေးမှုတွေကတော့ ပရိသတ်တွေမချီးကျူးပဲမနေနိုင်လောက်အောင်ပဲဖြစ်ပါတယ်။ဒါမယ့်သူ့ရဲ့ တစ်ချို့ကန်ချက်တွေ ဘောလုံးထိန်းသိမ်းမှုတွေကတော့ ကမ္ဘာကျော်တစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒင်ဟိုရဲ့ကစားပုံတွေနဲ့တူနေတာဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ရော်နယ်ဒိုမတိုင်ခင်ကတည်းက ကမ္ဘာကျော်တစ်ယောက်ဖြစ်ခဲ့ပြီး ယနေ့တိုင်ပရိသတ်တွေအားကျနေရတုန်းပဲဖြစ်ပါတယ်။ဒါကြောင့် ရော်နယ်ဒိုတစ်ယောက်လည်း ရော်နယ်ဒင်ဟိုရဲ့ ဘောလုံးကစားပုံတွေကိုလေ့လာထားသလားဆိုတာကတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။ပရိသတ်တွေအတွက်လည်း ရော်နယ်ဒင်ဟိုကစားကွက်နဲ့ ၁၀ကွက်တောင်တူနေတဲ့ ရော်နယ်ဒိုရဲ့ ကစားပုံ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source;Football HD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။