ကော်တင်ဟိုကတော့ သူရဲ့ ဇနီးချောလေး Aine Coutinhoနဲ့ ဆယ်ကျော်သက်အရွယ်တည်းက ရည်းစားတွေဖြစ်ကြပြီး အောင်မြင်နေတဲ့ ကမ္ဘာကျော်ဘောလုံးသမားဖြစ်နေချိန် ကောင်မလေးတွေ ဝိုင်းဝိုင်းလည်နေတဲ့ အချိန်မှာလဲတစ်ခြားကောင်မလေးတွေကို စိတ်မဝင်စားခဲ့ဘဲ သူရဲ့ ဇနီးချောလေးကို အချစ်တွေပုံပေးခဲ့ကာ သစ္စာတရားဆိုတာ တကယ်ရှိကြောင်း သက်သေပြခဲ့ပါတယ်။

ဇနီးသည် Aine Coutinhoယနေ့ခေတ်မော်ဒယ်တွေလို ရုပ်မချောမလှပပေမယ့် ကော်တင်ဟိုကတော့ ငယ်ချစ်ဦးလေးကိုသာ သူ့ဘဝရဲ့ တသက်တာလက်တွဲဖော်အဖြစ် ရည်ရွယ်ထားခဲ့ပြီး တကယ်လက်ထပ်ချိန်မှာလဲ အချစ်ဦးကိုသာ လက်ထပ်ခဲ့ပါတယ်။ကော်တင်ဟိုကတော့ ယနေ့ခေတ်လူ့လောကကြီးမှာ ချစ်ခြင်းတရားဆိုတာတကယ်ရှိကြောင်း သက်သေပြခဲ့ပါတယ်။  

ကော်တင်ဟိုရဲ့ အချစ်ဇာတ်လမ်းလေးကတော့ ရိုးရှင်းပြီး တစ်သက်မှာတစ်ယောက်ပဲ ချစ်ခဲ့သလို လက်ထပ်မယ့် အချိန်မှာပဲ ဒီတစ်ယောက်တည်းပဲ ဖြစ်ပါတယ်။ တစ်ခြားမိန်းကလေးတွေ ဝိုင်းဝိုင်းလည်ချိန်မှာလဲ သူ့ရဲ့ မျက်ဝန်းထဲ ဇနီးသည်Aine Coutinhoကိုသာမြင်ခဲ့တဲ့ကော်တင်ဟိုတစ်ယောက် မေတ္တာစစ်မှန်ခဲ့လို အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေရပြီဖြစ်ပါတယ်။

source: Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။