ပရိသတ်ကြီးရေ သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင်ဟာဆိုရင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့ အနုပညာနယ်ပယ်မှာရပ်တည်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဘေဘီမောင်က စိတ်ထားလေးလည်းဖြူစင်ပြီး ပွင့်လင်းရိုးသားစွာပြောဆိုတတ်သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေကလည်းသူမရဲ့စိတ်ထားလေးကို ချီးကျူးကြတဲ့အပြင် သွားလေရာမှာလည်း လူချစ်လူခင်ပေါများပါတယ်နော်။

ဘေဘီမောင်က မိဘအပေါ်လိမ္မာသိတတ်တဲ့သမီးတစ်ယောက်ဖြစ်တာကြောင့် မိဘတွေကိုလည်းပြုစုစောင့်ရှောက်ပေးသလို မိသားစုတွေအတူတူနေဖို့အတွက်လည်း အနုပညာကြေးတွေစုပြီး အိမ်ကောင်းကောင်းတစ်လုံးဆောက်နေတာဖြစ်ပါတယ်။ဘေဘီမောင်က သူမရဲ့အသိုင်းအဝိုင်းမှာ အကူအညီလိုအပ်နေတဲ့အနုပညာသမားတွေကိုလည်း တတ်နိုင်သလောက်ကူညီပေးနေတာကိုတွေ့ရပါတယ်။ဇာတ်ပို့သရုပ်ဆောင်ဦးဇော်ကြီးကိုလည်း သွားရောက်လှူဒါန်းထားတဲ့ ဘေဘီမောင်က ဦးဇော်ကြီးရဲ့အိမ်တက်ပွဲလေးကိုလည်း လာခဲ့ပါတယ်နော်။

"မနေ့က ဦးဇော်ကြီးရဲ့ အိမ်တက်အလှူလေးမှာပါ ဦးဇော်ကြီးကိုဂရုဏာသက်ပီးစေတနာသဒ္ဒါတရားထက်သန်စွာနဲ့အလှူဒါနပြုခဲ့တဲ့ခုနှစ်ရက်သားသမီးများအပေါင်းကြောင့် “အရင်ကထက်အဆတစ်ရာ တောင့်တင်းခိုင်မာပြီး အမိုးအကာနဲ့လုံခြုံတဲ့အိမ်လေးမှာ နေခွင့်ရသွားပါပြီ ဦးဇော်ကြီး အရမ်းပီတိဝမ်းသာဖြစ်နေရပါတယ်"ဆိုပြီး ဦးဇော်ကြီးမေတ္တာပို့ပေးခဲ့ပါတယ်"။ဘေဘီမောင်လည်းတစ်ထောင့်တစ်နေရာကနေအလှူဒါနလေးပြုခွင့်ရတဲ့အတွက်ဝမ်းသာပီတိဖြစ်နေပါတယ်နော်။

Source:Baby Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။