PSG အသင်းဟာ ညကယှဉ်ပြိုင်ကစားခဲ့တဲ့ TOULOUSE အသင်းနဲ့ပွဲစဉ်မှာတော့ (၄-ဝ)ဆိုတဲ့ရလဒ်သွင်းယူပြီးဂိုးပြတ်အနိုင်ရခဲ့ပါတယ်။PSG အသင်းဟာ ပြီးခဲ့တဲ့ အပတ်ကပွဲစဉ်မှာရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲစဉ်မှာအကောင်းဆုံးရလဒ်တွေရရှိအောင်စွမ်းဆောင်ပြသွားနိုင်တာဖြစ်ပါတယ်။ဒီပွဲမှာအနိုင်ရခဲ့ပေမယ့်လည်း သူတို့ရဲ့အဓိကကစားသမားကတော့ ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ဒီပွဲကစားချိန်၆၆မိနစ်မှာတော့ အသင်းရဲ့အဓိကကစားသမား မက်ပီဟာဒဏ်ရာရခဲ့ပြီး လူစားလဲလှယ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မက်ပီရဲ့ ဒဏ်ရာဟာစိုးရိမ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။မက်ပီဟာအသင်းရဲ့အဓိကကစားသမားဖြစ်တာကြောင့် PSG အသင်းအနေနဲ့ သူမပါခဲ့ရင်အခက်အခဲတွေကိုရင်ဆိုင်ရဖွယ်ရှိနေတာပါ။

ပွဲတွေအများကြီးကစားရမှာဖြစ်တာကြောင့်အသင်းကလည်းအင်အားတောင့်တင်းဖို့လိုနေတာပါ။မနှစ်ကလည်း နေမာဒဏ်ရရခဲ့တာကြောင့် အသင်ရဲ့အရေးကြီးပွဲတွေမှာရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်မက်ပီဒဏ်ရာရတာဟာအသင်းရဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာတော့ပါတယ်။အသင်းပြောင်းရွေ့ဖို့သတင်းတွေထွက်နေတဲ့ နေမာလည်းအဆိုပါပွဲမှာပါဝင်ကစားခြင်းမရှိခဲ့ပါဘူးဒါကြောင့်အသင်းပြောင့်မယ်ဆိုတဲ့သတင်းတွေကပိုမိုခိုင်မာလာခဲ့တာဖြစ်ပါတယ်။

Source:Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။