မြန်မာနိုင်ငံ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုတွေသာမက ပြည်ပနိုင်ငံက ပရိသတ်တွေကြားမှာ လူသိများအောင်မြင်နေတဲ့ မင်းသားချောလေးကတော့ ပိုင်တံခွန်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က အရပ်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့်နဲ့ Body တောင့်ပြီး မိန်းကလေးတွေကြွေလောက်တဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတာကြောင့် ပျိုမဒီတွေရဲ့အသည်းနှလုံးကို အပိုင်သိမ်းပိုက်ထားနိုင်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာမလေးတွေအပြင် ထိုင်းမလေးတွေကလည်း ပိုင်တံခွန်ဆိုတာနဲ့ သည်းသည်းလှုပ် အားပေးနေကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကပရိသတ်တွေနဲ့ Fan Meeting ပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပိုင်တံခွန်တစ်ယောက် နိုင်ငံခြားမီဒီယာတွေမှာတောင် ဖော်ပြခြင်းခံခဲ့ရပြီး အတော်လေးအောင်မြင်လာခဲ့ပါတယ်။ လက်ရှိအချိန်မှာဆိုရင် ပိုင်တံခွန်က ကြော်ငြာတွေအများအပြား လက်ခံရိုက်ကူးနေရပြီး တစ်နေ့တစ်နေ့မအားလပ်နိုင်အောင် ရိုက်ကူးရေးတွေဆက်နေတာပဲ ဖြစ်ပါတယ်။ အခုလည်း ပိုင်တံခွန်က မိန်းမလှလေးတွေခြံရံပြီး ရိုက်ကူးရေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ပိုင်တံခွန်က ကောင်မလေးတွေကြားမှာတစ်ယောက်တည်းထိုင်ပြီး စတိုင်အပြည့်နဲ့ ပို့စ်ပေးကာ ရိုက်ကူးရေးပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်တစ်ယောက် သူရဲ့ပတ်ပတ်လည်မှာ ထိုင်းမချောချောလေးတွေခြံရံပြီး ကြော်ငြာရိုက်ကူးရေးပြုလုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း " Shooting For Wow'' ဆိုပြီးပရိသတ်တွေအတွက် တင်ပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ပိုင်တံခွန်နဲ့ ထိုင်းမလေးတွေရဲ့ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Takhon;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။