Justin Bieber နဲ့ Hailey Baldwin တို့ဟာဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက Oscar ဆိုတဲ့ခွေးလေးကို သူတို့မိသားစုထဲ ခေါ်ဆောင်ခဲ့ပါတယ်။ သိပ်မကြာသေးခင်တုန်းကဆိုရင်လဲ JB နဲ့ ဇနီးဖြစ်သူ Hailey က ကြောင်လေး Sushi ကို သူတို့မိသားစုထဲ ခေါ်ဆောင်ခဲ့ပါတယ်။ အသက် ၂၅နှစ်ရှိပြီဖြစ်တဲ့ အဆိုတော် JB ဟာ သူရဲ့ကြောင်လေး Sushi ကို သူရဲ့ Social Media ပေါ်မှာတင်ခဲ့ပါတယ်။  

ကြောင်လေးကတော့ Savannah မျိုးဝင်ပဲဖြစ်တာကြောင့် ပုံစံက ကျားသစ်ကွက်လေးနဲ့ ချစ်ဖို့ကောင်းနေပါတယ်။ ပရိသတ်ကြီးလဲ ကြောင်တွေကို ချစ်တက်မယ်လို့ထင်ပါတယ်။ သောကြာနေ့တုန်းက JB ဟာ သူရဲ့ Social Media ပေါ်မှာ " I’m getting a cat tomorrow and The name will be sushi!!! " ဆိုပြီး ရေးတင်ခဲ့ပါတယ်။ အဲ့နောက်စနေနေ့တုန်းကလဲ သူဟာ Instagram မှာ သူရဲ့ကြောင်လေးနဲ့ပတ်သတ်ပြီး တင်ခဲ့ပါသေးတယ်။ 

အဲ့အပြင် သူဟာ Sushi လေးရဲ့ Video ကိုပါတင်ခဲ့ပါသေးတယ်။ ပရိသတ်ကြီးအတွက် ကြောင်လေး Sushi ပုံတွေရော ခွေးလေး Oscar ပုံတွေကိုပါ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ သူတို့နှစ်ယောက်အနေနဲ့လဲ စက်တင်လာလထဲမှာ မင်္ဂလာဆောင်ရှိပါတယ်။ သူတို့အနေနဲ့လဲ နောက်လမှာ လေးကြိမ်မြောက် မင်္ဂလာဆောင်ရက်ချိန်းတာဖြစ်ပြီး စက်တင်ဘာလဟာဆိုရင် သူတို့နှစ်ယောက်အတွက် အိမ်ထောင်သက်တစ်နှစ်ပြည့် Anniversary ဖြစ်ပါတယ်။ 

Source : Daily Mail Celebrity 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။