ပရိသတ်ကြီးရေ.. လတ်တလောမှာ ချင်းတောင်တန်းမှာ သွားရောက် ရိုက်ကူးနေတဲ့ “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အများဆုံးရရှိထားတဲ့ နှစ်နိုင်ငံပူးပေါင်း ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်နော်..။

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေဖြစ်ကြတဲ့ မေသန်းနု၊ ဝတ်မှုံရွှေရည်၊ ကျော်ထက်အောင်နဲ့ ကိုရီးယားမင်းသားချောနဲ့အတူ သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာဇင်ရော်မောင်မောင်နဲ့ လင်းသန့်မောင်မောင်တို့ သားအဖနှစ်ယောက်က ပုံဖော်ရိုက်ကူးနေပြီး ချင်းတောင်အပြင် ကိုရီးယားနိုင်ငံမှာပါ သွားရောက်ရိုက်ကူးမှာမို့ ပရိသတ်တွေကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာပါနော်..။


တမူထူးခြားတဲ့ ဇာတ်ကားတစ်ကားအဖြစ် ပရိသတ်တွေရဲ့ မျက်စိရှေ့ကို ရောက်ရှိလာမယ့် “တိမ်တွေပေါ်ကပန်း” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ချင်းတောင်မှာ သွားရောက်ရိုက်ကူးနေရင်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာ တွေ့ရပါတယ်နော်..။

ဝေးလံခေါင်သီတဲ့နေရာဒေသတွေမှာ ရိုက်ကူးနေတာဖြစ်ပြီး အချိန်ကြန့်ကြာမှုတွေအပြင် မိုးသည်းထန်စွာရွာခြင်း၊ တောင်ပေါ်တွင်ရိုက်ကူးနေစဉ် တောင်အောက်သို့ဆင်းပြေးခြင်း 4WD ကားများချော်ကျခြင်းနဲ့ ကုန်ကျစရိတ် ကြီးမားမှု အခကက်အခဲတွေကို ရင်ဆိုင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်နော်..။


ဘယ်လိုအခက်အခဲတွေကိုပဲဖြစ်ဖြစ် ကြိုးစားရင်ဆိုင်နေပြီး ရိုက်ကူးရေးအဖွ့ဲသားများ ချောချောမောမော ရန်ကုန်ပြန်လည်ရောက်ရှိရေးအတွက် ချစ်စွာသောပရိသတ်များအနေနဲ့ ဝိုင်းဝန်းပြီး ဆုမွန်ကောင်းတောင်းပေးကြဖို့လည်း မေတ္တာရပ်ခံထားသလို တမူထူးခြားကွဲထွက်နေတဲ့ ဇာတ်ကားတစ်ကားအဖြစ် ပရိသတ်တွေမြင်တွေ့ရမယ့်အကြောင်းလေးကိုလည်း ရဲရဲဝံ့ဝံံ့နဲ့ အာမခံထားတာကိုလည်း တွေ့ရပါတယ်နော်..။

“အလွန်ဝေးလံတဲ့နေရာဒေသမှာ ရိုက်ကူးနေပါတယ်။ ဇာတ်ကားကိုကောင်းမွန်ရေးအတွက် Short list ကဒ်များများရိုက်ရတဲ့အတွက် အချိန်ကြာမှုရှိပါတယ်။ မိုးသည်းထန်စွာရွာ၍ Shooting ရပ်နားခြင်း တောင်ပေါ်တွင်ရိုက်ကူးနေစဉ် တောင်အောက်သို့ဆင်းပြေးခြင်း 4WD ကားများချော်ကျ ခြင်း စသည့်အခက်အခဲများကြုံတွေ့ရခြင်း။

ရေခဲတောင် လနဲ့ချီပြီးနေခဲ့တဲ့အတွေ့အကြုံရှိသဖြင့် ဒီအခက်အခဲကို အလံမလဲှပဲ ကျော်လွှားပြီး ကြိုးစားနေပါတယ်။ လိုချင်တဲ့အရည်အသွေး ရိုက်ချက်များရသော်လည်း ကုန်ကျစရိတ် ကြီးမားမှုကို ရင်ဆိုင်နေရပါတယ်။ သို့သော် မည်သည့်အခါမှ အလံမလဲှပါ။

ရိုက်ကူးရေးအဖွ့ဲသားများ ချောချောမောမော ရန်ကုန်ပြန်လည်ရောက်ရှိရေးအတွက် ချစ်စွာသောပရိသတ်များအနေနဲ့ ဝိုင်းဝန်းပြီး ဆုမွန်ကောင်းတောင်းပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။ တမူထူးခြားကွဲထွက်လာသော ဇာတ်ကားတစ်ကားအဖြစ် မြင်တွေ့ရမည့်အကြောင်းကို Big 5 မိသားစုမှ ရဲရဲဝံ့ဝံ့ အာမခံပါသည်..” ဆိုပြီးတော့လည်း ဒါရိုက်တာဇင်ရော်မောင်မောင်က ပရိသတ်တွေကို အသိပေးပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ဇင်ရော်မောင်မောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။