ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာရှိသလောက် ရုပ်ချင်ဆင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။ အဲ့လောက်များပြားလှတဲ့ လူတွေထဲမှာမှ သာမန်လူချင်းတူတာရှိသလို ကံကောင်းထောက်မပြီး အနုပညာရှင်တွေနဲ့ တူတဲ့ လူတွေလဲ များစွာရှိကြပါတယ်။ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလဲ တွေ့နိုင်သလို အွန်းလိုင်းပေါ်မှာလဲ တွေ့ရှိနိုင်ပါတယ်။ ခုဆိုရင်လဲ Hollywood အနုပညာရှင် အကျော်အမော်တွေနဲ့တူတဲ့ လူတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ 

Harry Styles

ပုံထဲကကောင်လေးကတော့ One Direction အဖွဲ့ထဲက Harry Styles နဲ့တော်တော်လေးကိုဆင်ပါတယ်။ Harry ရဲ့ငယ်ရုပ်လို့တောင် ပြောရမလားပဲ...ရုပ်ချင်းဆင်ချက်ကတော့ မှားလောက်စရာပဲ။

Chris Hemsworth

Thor မင်းသား Chris Hemsworth နေရာမှာ ကိုယ်စားသရုပ်ဆောင်တဲ့သူတစ်ယောက်ပါ။ တော်တော်လေးကိုတူတာမို့ ကိုယ်စားသရုပ်ဆောင်ရင် မသိနိုင်တာပါပဲ။ တူချက်ကတော့ အပြစ်ပြောစရာမလိုပါပဲ...။

Angelina Jolie

ပရိသတ်တွေအားလုံးသိကြတဲ့ ဂျိုလီကတော့ ရုပ်ချင်းဆင်တဲ့သူတော်တော်များပါတယ်။ ခုဆိုရင်လဲ Chelsea Marr ဆိုတဲ့သူဟာ မင်းသမီး ဂျိုလီနဲ့တူတဲ့ ရုပ်ကြောင့် နာမည်ကြီးလာခဲ့ပါတယ်။ 

Taylor Swift

April Gloria ဆိုတဲ့ မိန်းကလေးဟာဆိုရင် Cos player တစ်ယောက်ဖြစ်ပြီး သူမဟာ နာမည်ကျော် Pop Star တွေပုံစံ ဆင်တူလုပ်တာမို့ ခုဆိုရင်လဲ Taylor Swift နဲ့ မှားချင်စရာပါပဲ။

Robert Downey Jr.

Iron Man မင်းသား Robert Downey Jr. ဟာဆိုရင်တော့ သူရဲ့ပုံစံကြောင့် နာမည်ကိုကျော်ကြားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေလဲ သူရဲ့ပုံစံကြောင့်ပဲ ပိုကြိုက်နှစ်သက်ကြပါတယ်။ ခုပုံပါလူလဲ သိပ်မကွာလှပါဘူး။

Kendall Jenner

Kendall Jenner ဆိုတဲ့ မော်ဒယ်တစ်ယောက်ကို ပရိသတ်ကြီးလဲ သိမှာပါ။ ဘေးကသူကလဲ Russia က မော်ဒယ်တစ်ယောက်ပါပဲ...နာမည်ကတော့ Kate Bogucharskaia ပဲဖြစ်ကာ သူတို့နှစ်ယောက်က မသိရင် အမြွှားတွေပါပဲ။

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။