အသံချိုချိုလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို ဖမ်းစားထားနိုင်သူလေးကတော့ အဆိုတော်မလေး ရတနာမိုင်ပဲ ဖြစ်ပါတယ်။ သူမရဲ့ တေးသီချင်းလေးများလည်း ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့တိုက်ဆိုင်မှုတွေရှိတာကြောင့်လည်း ယနေ့ထိတိုင် သီချင်းဟောင်းလေးတွေဟာ ရေပန်းစားနေဆဲပါပဲနော်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ 

သူမဟာ သီချင်းတော်တော်များများကို ကိုယ်တိုင်ရေးစပ်ထားတာဖြစ်ပြီး ထွက်သမျှသီချင်းတိုင်းဟာလည်း အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ လူငယ်ပရိတ်သတ်တွေရဲ့အချစ်ကို သိမ်းပိုက်ရရှိထားတဲ့ ရတနာမိုင်တစ်ယောက်ကတော့ ဂီတလောကမှာအောင်မြင်မှုတွေ အခိုင်အမာရရှိထားသလို သူမရဲ့အပြုအမူလေးတွေကြောင့်လည်း ပရိတ်သတ်တွေက အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း သူမရဲ့ မွေးနေ့လေးကို ချစ်ရတဲ့ ပရိသတ်များက အိမ်ထိလာရောက်ကာ Surprise လုပ်ပေးခဲ့တာလေးကို ဝေမျှပေးထားတာပါ။ " ကိုယ့် Treasure လေး တွေ မွေးနေ့တုန်းက ဇလွန်ရောက်နေတော့ မလုပ်လိုက်ရလို့ဆိုပြီး အိမ်မှာ Birthday surprise လာလုပ်ပေးကြတာ အရမ်းချစ်ရသော ပျော်လိုက်တာဆိုတာ " ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်ကြီးအတွက် မွေးနေ့စပရိုက်လေးကြောင့် ကြည်နူးပျော်ရွှင်နေတဲ့ မိုင်လေးရဲ့ ပုံရိပ်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Photo - Yadanar My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။