ပရိသတ်ကြီးရေ.....Transgender အလှမယ်တစ်ယောက်ဖြစ်တဲ့ မေသစ္စာမောင်ကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်....။ သူမကတော့ "Miss International Queen Myanmar 2019"သရဖူကို ဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ မေသစ္စာမောင်ရဲ့ ဆွဲဆောင်မှုအလှတရားတွေက မိန်းကလေးအစစ်တွေတောင်အရှုံးပေးရလောက်အောင်ပင် အမိုက်စားခန္ဓာကိုယ်အချိုးအစားနဲ့ ဖြူဖွေးဥနေတဲ့ အသားအရေကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်...။

သီချင်း Mtv တွေထဲမှာလည်း သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ရိုက်ကူး ခဲ့တဲ့သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေကတော့ photo shootingနဲ့ ကြော်ငြာမဂ္ဂဇင်းအများအပြားကိုလည်း လက်ခံရိုက်ကူးထားတာဖြစ်ပါတယ်....။ မေသစ္စာမောင်က Tik tok ဗီဒီယိုဖိုင်လေးတွေကိုလည်း ပြုလုပ်ဖန်တီးပြီး ပရိသတ်တွေကြည့်ရှုရအောင် တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်..။ မေသစ္စာမောင်ရဲ့ ရေကူးကန်ထက်က ရေကူးဝတ်စုံနဲ့ပုံရိပ်လေးတွေဟာဆိုရင် တစ်ကယ့်ကို စွဲမက်ဖွယ်ကောင်းလှပါတယ်..။

မေသစ္စာမောင်က ခေတ်လူငယ်ပီပီလူမှုကွန်ယက်စာမျက်နှာတွေဖြစ်ကြတဲ့ facebook၊ Instagram တို့တွင်သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း "ဒီဝါကျွတ်ရင် မင်္ဂလာဆောင်မယ်ကွယ်" ဆိုတဲ့ status လေးနဲ့အတူ Mtv ရိုက်ကွင်းပေါ်က မြန်မာဝတ်စုံလေးနဲ့ အလှပုံရိပ်တွေကို ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source May Thitsar Maung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။