သွက်သွက်လက်လက်နဲ့ အမြဲလိုလို ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေကို လုပ်တတ်သူလေးကတော့ မင်းသမီးချောလေး ခြူးလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့လက်ခံအားပေးမှုရရှိခဲ့တဲ့ ခြူးလေးက သရုပ်ဆောင်ပိုင်းမှာ တကယ့်ကိုထူးချွန်တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ အချိန်ခဏလေးအတွင်းမှာတင် ဇာတ်လမ်းတွဲတွေ ကြော်ငြာတွေ မနားတမ်းရိုက်ကူးခဲ့ရတဲ့ ခြူးလေးက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်ခဲ့ရပါတယ်။

ပရိသတ်တွေအနေနဲ့ ခြူးလေးကို အချစ်ပိုနေရတဲ့အကြောင်းအရင်းကတော့ သူများနဲ့မတူတဲ့ အိုက်တင်မျိုးစုံနဲ့ Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတာကြောင့်ပဲ ဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိတဲ့ ခြူးလေးက သူမရဲ့ချစ်ပရိသတ်တွေအတွက် ဗီဒီယိုအသစ်လေးတွေ တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ အခုလည်း ခြူးလေးက Tik Tok မှာ ခေတ်စားနေတဲ့ ဟာသလေးတွေကို သရုပ်ဆောင်ပြခဲ့ပါတယ်။

ဒီတစ်ခါမှာတော့ ခြူးလေးက ထိုင်းစကားပြောအသံလေးကို နောက်ခံထားပြီး ရုပ်ပြောင်လေးတွေလုပ်ပြခဲ့သလို မြူးကြွတဲ့တီးလုံးသံစဉ်အတိုင်း စည်းချက်ကျကျလေး ကပြခဲ့ပါသေးတယ်။ ခြူးလေးကတော့ ပရိသတ်တွေ ဘယ်တော့မှမရိုးသွားအောင် အမြဲတမ်းအသစ်အဆန်းလေးတွေလုပ်ပြလေ့ရှိတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခြူးလေးရဲ့ချစ်စရာ Tik Tok ဗီဒီယိုလေးတွေကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Chue Chue; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။