PSG အသင်းတိုက်စစ်မှူးဖြစ်တဲ့ နေမာကတော့ ဒီနှစ်နွေရာသီအပြောင်းအရွေ့မှာ အသင်းပြောင်းရွေ့ဖို့သတင်းတွေထွက်နေပေမယ့်လည်း လက်ရှိအချိန်ထိတော့ အပြောင်းအရွေ့ကငြိမ်သက်နေတုန်းဖြစ်ပါတယ်။နေမာကိုခေါ်ယူဖို့အတွက် အသင်းဟောင်းဘာစီလိုနာအသင်းနဲ့နာမည်ကျော်ရီးရဲမက်ဒရစ်အသင်းတို့ကခေါ်ယူဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။


ရီးရဲအသင်းကလည်းအသင်းရဲ့တိုက်စစ်အတွက်ကစားသမား၂ယောက်လောက်အလိုက်ပေးပြီးခေါ်ယူချင်တာဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း တစ်ချိန်ကတိုက်စစ်တွေကိုပြန်အကောင်အထည်ဖော်ချင်နေတာဖြစ်ပါတယ်။ဒါကြောင့်နေမာကိုရောင်းချဖို့အတွက်ကတော့ ပရိသတ်စိတ်ဝင်စားစရာအခြေအနေကိုရောက်ရှိနေတာပါ။

နေမာကအသင်းဟောင်းကိုပြန်လာချင်ပေမယ့်လည်း အသင်းဟောင်းဘာစီလိုနာကတရားဝင်ကမ်းလှမ်းမှုတွေမလုပ်သေးတာပါ။နေမာကတော့ပြင်သစ်လိဒ်တွေစနေပေမယ့် PSG အသင်းမှာ ပါဝင်ကစားခြင်းမရှိသေးတာဖြစ်ပါတယ်။အပြောင်းအရွေ့ကလည်းပိတ်သိမ်းခါနီးပြီဖြစ်တာကြောင့်နေမာတစ်ယောက်ဘယ်အသင်းကိုရောက်ရှိမလဲဆိုတာကတော့စိတ်ဝင်စားဖွယ်စောင့်ကြည့်အားပေးကြပါဦးနော်။

Photo:google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။