လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။    

ဒေဝကတော့ ထိုင်းလက်ဝှေ့လောကမှ ကူးပြောင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း မြန်မာ့လက်ဝှေ့ကိုပိုမိုလေ့လာနေသူတစ်ယောက်ဖြစ်သလို မြန်မာ့လက်ဝှေ့နဲ့ပတ်သက်ပြီး ထူးချွန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာတွေကို ချစ်မြတ်နိုးပြီး မြန်မာ့လက်ဝှေ့လောကရဲ့ ဖိုက်တာများစွာထွက်ရှိတဲ့ ကရင်လက်ဝှေ့သမားများစွာနဲ့အတူ လေ့ကျင့်လျှက်ရှိပြီး ကိုယ်ပိုင်လက်ဝှေ့ရုံကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။  

မကြာသေးမီကလည်း အမေရိကန် UFC ဖိုက်တာတစ်ဦးကို အလဲထိုးနိုင်ခဲ့ပြီး မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိအောင် ပြသနိုင်ခဲ့တာတွေ့ရပါတယ်။ အဆိုပါ ပြိုင်ပွဲနဲ့အတူ မြန်မာ့ကိုယ်စားပြုပြိုင်ပွဲတိုင်းမှာ ဒေဝကတော့ ကရင်ရိုးရာဝတ်စုံကို ဝတ်လေ့ရှိပြီး ဟန်ရေးပြကာ ယှဉ်ပြိုင်တက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ မြန်မာ့ထိုးကွင်းနဲ့အတူ ကရင်ရိုးရာဝတ်စုံကို ဝတ်လေ့ရှိတဲ့ ဒေဝရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Dave  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။