လီပါပူးအသင်းမှာ ခြေစွမ်းပြဂိုးတွေသွင်းယူပြီးအောင်မြင်မှုတွေယူပေးနေတာကတော့ တိုက်စစ်မှူးမိုဟာမက်ဆာလက်ပဲဖြစ်ပါတယ်။သူကတော့ ပါပူးအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်ပြီး မရှိမဖြစ်ကစားသမားတစ်ယောက်ဖြစ်ပါတယ်။မနှစ်ကလည်း အသင်းနဲ့ဝေးကွာနေတဲ့ ချန်ပီယံလိဒ်ဖလားကြီးကိုရရှိအောင် တစ်ထောင့်တစ်နေရာကနေ စွမ်းဆောင်ပေးထားတာပါ။


ဒီနှစ်ပရီးမီးယားလိဒ်ပြိုင်ပွဲမှာလည်းဆာလာကတော့ ပါပူးအသင်းကိုအကောင်းဆုံးခြေစွမ်းပြပြီး ဂိုးတွေသွင်းယူပေးနေတာပါ။ပြီးခဲ့တဲ့အပတ်ကယှဉ်ပြိုင်ကစားတဲ့ အာဆင်နယ်အသင်းနဲ့ပွဲစဉ်မှာတော့ခြေစွမ်းပြပြီး ၂ဂိုးတောင်သွင်ယူပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီနှစ်မှာလည်း ပါပူးအသင်းကတော့ အကောင်းဆုံးရလဒ်တွေရဖို့ကြိုးစားနေတာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာဆာလာဟာ၂လုံးတောင်သွင်းယူခဲ့ပြီး သူ့ရဲ့ဒုတိယသွင်းဂိုးကတော့ဒီတစ်ပတ်ရဲ့အကောင်းဆုံးဂိုးလို့တောင်ဆိုနိုင်တာဖြစ်ပါတယ်။သူ့ရဲ့ပြေးအားတွေကိုတော့ ကမ္ဘာကျော် နောက်ခံလူဒေးဗစ်လူးဝစ်ဇ် တောင်မလိုက်နိုင်ပဲဂိုးပေးလိုက်ရတာဖြစ်ပါတယ်။သူ့ရဲ့သွင်းဂိုးကိုတော့ ပရိသတ်တွေသာမကနာမည်ကျော်နည်းပြတွေကပါချီးကျူးနေရတဲ့ သွင်းဂိုး video လေးကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SourceLLiverpool

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။