မကြာမီယှဉ်ပြိုင်ထိုးသတ်ရတော့မယ့် အောင်လအန်ဆန်းရဲ့ လိုက်ဟဲဗီးဝိတ်ချန်ပီယံ ကာကွယ်ပွဲကို ပရိသတ်တွေလည်း ရင်ခုန်နေကြမယ်ထင်ပါတယ်။ အသက် ၄၁နှစ် အရွယ်ရှိ ဟဲဗီးဝိတ်တန်း ချန်ပီယံ ဘရန်ဒန် ဗီရာနဲ့ထိုးသတ်ရမှာဖြစ်ပြီး ပြိုင်ဘက်ဖိုက်တာဗီရာကတော့ အရပ် ၆ပေ ၃လက်မရှိပြီး MMA ပွဲပေါင်း ၂၄ပွဲမှာ ၁၆ပွဲနိုင်ထားပြီး ၇ပွဲ ရှုံးထားသူ ဖြစ်ပါတယ်။ အဆိုပါ လိုက်ဟဲဗီးဝတ်တန်းချန်ပီယံခါးပတ်ကို အောက်တိုဘာ ၁၃ရက်နေ့မှာ ဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပပြုလုပ်မှာဖြစ်ပြီး သမိုင်းဝင်ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။    

ပြိုင်ပွဲအတွက် အောင်လအန်ဆန်းကတော့ လေ့ကျင့်မှုတွေကို အဆက်မပျက်လေ့ကျင့်လျှက်ရှိပြီး ပြိုင်ဘက်ဖိုက်တာရဲ့ အားသာချက်တွေကို အဓိကကာကွယ်နိုင်ရန်ပြင်ဆင်လျှက်ရှိကြောင်း သိရပါတယ်။ အဆိုပါ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အောင်လအန်ဆန်းကတော့ နည်းပြအသစ်တွေခေါ်ယူလေ့ကျင့်ခြင်းတွေနဲပအတူ အတူပူးတွဲလေ့ကျင့်နိုင်ဖို့ ဖိုက်တာတွေကိုပါ ခေါ်ယူထားကြောင်း သိရပါတယ်။ သမိုင်းတွင်မယ့် ပွဲကောင်းတစ်ပွဲဖြစ်သလို အောင်လအန်ဆန်းနဲ့အတူ ဗီရာအတွက်လည်း အရေးကြီးပွဲကြီးပဲဖြစ်ပါတယ်။  

မကြာသေးမီကလည်း အောင်လအန်ဆန်းကတော့ သူ့ရဲ့လူမှုစာမျက်နှာပေါ်တွင် အတူလေ့ကျင့်ပေးနေတဲ့ ဖိုက်တာတွေနဲ့အတူ နည်းပြအချို့ရဲ့ ပုံရိပ်တွေကို ပြသထားတာတွေ့ရပါတယ်။ အဆိုပါ နည်းပြတွေထဲက Henrihooft ရဲ့ KISS ( Keep it simple stupid) "ရိုးရှင်းစွာလုပ်ဆောင်ပါ ကိုယ်လူ " ဆိုတဲ့ နည်းစနစ်တစ်ခုနဲ့ပတ်သက်ပြီး ပြောပြထားတာတွေ့ရပါတယ်။ မကြာမီယှဉ်ပြိုင်တော့မယ် ပြိုင်ပွဲအတွက် အကောင်းဆုံးလေ့ကျင့်နေပါတယ်ဆိုတဲ့ အောင်လအန်ဆန်းရဲ့ လက်တလောပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - Aung La Nsang  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။