ပဲရစ်မြို့ဆိုရင် effel towerဆိုတာကို အားလုံးပဲပြေးမြင်ပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ဒီလောက်လှပတဲ့ ဂီတစာပေမြို့တော်လေး ပဲရစ်နဲ့ မြေအောက်မှာ လူပေါင်သ(၆)သန်းလောက်ရဲ့ ခေါင်းတွေကို စီရီထားတဲ့ ပြတိုက်တစ်ခုရှိတာကိုတော့ လူတွေသိပ်မသိကြပါဘူး။ ဒီပြတိုက်ဘယ်လိုဖြစ်လာတာလဲဆိုရင် ပဲရစ်မြို့မှာ လူဦးရေများပြားခဲ့တဲ့ လူးဝစ်ဘုရင်တွေလက်ထက်ကစခဲ့တာပါပဲ။ သချိၤုင်းတွေမှာ အုတ်ဂူတွေဆိုတာကလည်း ဖွေးဖွေးကိုလှုပ်နေတာပါပဲတဲ့။ ပဲရစ်မြို့ကိုစည်ကားအောင် မြို့တည်ဆောက်ဖို့ထုံးကျောက်တွေကိုတူးတဲ့အခါမှာတော့ မိုင်းတွင်းအဟောင်းထဲမှာမြှုပ်ထားခဲ့တဲ့ ဒေသခံတွေရဲ့ သင်္ချိုင်းဟောင်းကြီးပေါ်လာခဲ့ပါတယ်နော်။

ဒီမိုင်းတွင်းဟောင်းတွေထဲက လးအရိုးစုပေါင်း(၆)သန်းလောက်ပေါ်လာပြီး အနံ့ဆိုးတွေက ပဲရစ်မြို့ကိုဝါးမြိုခဲ့ပါတယ်။ ဒါကြောင့် လူးဝစ်ဘုရင် (၁၅)ဟာ မြို့တော်အတွင်းမှာ အလောင်းတွေကိုမြေမမြှုပ်ဖို့အမိန့်ထုတ်ကာ သချိုၤင်းတွေအားလုံးကိုဖယ်ထုတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် မိုးသည်းစွာရွာသွန်းကာ သချိၤုင်းဂူနံရံတွေပြိုပြီး အလောင်းတွေထက်မံထွက်ပေါ်လာကာ ပဲရစ်မြို့ရဲ့ လမ်းမပေါ်မှာအလောင်းတွေပြည့်ပြီး သွေးပျက်ထိတ်လန့်သရာအဖြစ်နဲ့ကြုံတွေ့ခဲ့ရပါတယ်။ ဒါနဲ့ပဲ ဒီအလောင်းတွေအားလုံးကို မြေအောက်သင်္ချိုင်းလုပ်ပြီးမြှုပ်ဖို့တိုင်ပင်ပြီး အကောင်အထည်ဖော်ခဲ့ကြပါတယ်။ ဒီမြို့မှာ ဘိုးစဉ်ဘောင်ဆက်နေတာပြီး သေဆုံးခဲ့တဲ့ လူဦးရေ(၆)စလုံးရဲ့အလောင်းတွေဟာ ဒီမြေအောင်ဂူသင်္ချိုင်းထဲမှာ တစုတစည်းနဲ့ လုပ်ဖို့ကြိုးစားခဲ့ဲကြပေမယ့် အလောင်းရွေ့တာနဲ့တင် နှစ်ပေါင်း(၁၂)နှစ်နီးပါးကြာမြင့်ခဲ့ပါသတဲ့။

အခုအချိန်မှာတော့ ဒီထိတ်လန့်ဖွယ်အဖြစ်ဆိုးတွေကနေ ပဲရစ်မြို့ကြီးဟာလွတ်မြောက်ခဲ့ပြီဖြစ်ပြီး မြေအောက်မှာတော့ ဒီလူအရိုးတွေကိုပြတိုက်လုပ်ကာ စနစ်တကျ ခင်းကျင်းပြသထားခဲ့ပါတယ်နော်။ ဒါပေမယ့် ကြောက်မက်ဖွယ်ရာအခြေအနေတွေတော့ရှိနေပါသေးတယ်။ ဒီပြတိုက်ထဲမှာ လူဦးရေသန်းနဲ့ချီတဲ့ဝိဉာဉ်တွေနဲ့သရဲတွေ ရှိနေတာမို့ ဒီပြတိုက်ထဲကိုကလေးတွေမဝင်ဖို့ရယ် သတိပေးထားတဲ့နေရာတွေကို မသွားဖို့ရယ် အထူးတားမြစ်ထားပါတယ်နော်။ သွားမယ်ဆိုရင်တော့ လူသေတဲ့အထိပါဖြစ်ခဲ့တာမို့တကယ်ကြမ်းတဲ့နေရာပါပဲ။ ဒီပြတိုက်ရဲ့ ဝင်ပောက်ကတော့ မြို့လည်က ဒန်ဖာရိုချရူဘူတာရုံဘေးလမ်းနားမှာပဲရှိတဲ့အတွက် လေ့လာချင်တဲ့သူတွေလည်း ဝင်ရောက်လေ့လာနိုင်ပါတယ်နော်။

Source: Paris Catacombs Meseum

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။