ဒါမျိုးသတင်းတွေကို ပရိတ်သါ်တို့အတော်များများကြားဖူးကြမှာပါ။ သေသွားတာနှစ်ပေါင်းအတော်ကြာပေမယ့် မပုပ်မသိုးတာတွေ အသက်ရှင်တုန်းကအတိုင်းလို ခန္တာကိုယ်နဲ့ အသားအရေအတိုင်းပြန်ဖြစ်နေသေးတာတွေဆိုတာက တကယ်ကိုထူးဆန်းတဲ့အရာတွေပါပဲနော်။ အထူးတကာ့အထူးဆန်းဆုံးအရာကိုပြောပါဆိုရင် ဒီတစ်ခုက ထိပ်ဆုံးမှာရှိနေမှာအသေအချာပါပဲနော်။ ဘာလို့လဲဆိုတော့ ဒီအလောင်းကြီးဟာ မီးတောင်ရဲ့အောက် ဆင်ခြေလျောပိုင်းမှာတွေ့ခဲ့ရလို့ပါပဲ။ပြီးတော့ အလောင်းကလည်း သုံးလောင်းတောင်မှပါ။

အသက်က ၁၄ ၁၅အရွယ် ကလေးမလေးရဲ့အလောင်း နဲ့ ၆ နှစ်နဲ့ ၇နှစ်အရွယ်ကလေးအလောင်းနှစ်လောင်းကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ ကလေးအလောင်းနှစ်လောင်းကတော့ ပုံစံတွေပျက်နေပြီဖြစ်ပေမယ့် ၁၅နှစ်အရွယ်ကလေးမလေးရဲ့အလောင်းကတော့ မကြာသေးခင်ကမှသေဆုံးသွားသူတစ်ယောက်လို အသားတွေက နူးညံ့ဆဲဖြစ်နေပါတယ်နော်။ ခန္ဓာကိုယ်ထဲမှာလည်း အပူဓာတ်ရှိနေသေးတာကိုလည်း တွေ့ရပြီး အရုပ်တစ်ရုပ်လိုတောင့်တင်းနေတာကလွဲရင် အသားတွေကတော့ နူညံ့ပြီး နဲနဲလေးတောင် မပုပ်သိုးသွားသေးပါဘူးနော်။

ဝတ်ထားတဲ့အဝတ်အစားတွေနဲ့ အသုံးအဆောင်တောင်ကိုကြည့်ပြီး ကျွမ်းကျင်ပညာရှင်တွေကတွက်ချက်ကြည့်လိုက်တဲ့ အခါမှာတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀၀)လောက်ကတည်းကသေဆုံးခဲ့တဲ့အလောင်းတွေဖြစ်ပြီး ပျောက်ဆုံးသွားပြီဖြစ်တဲ့ လူမျိုးစုတစ်စုလည်းဖြစ်ပါတယ်။ ဒီအလောင်းတွေနဲ့ အတူ ရွှေစ ငွေစတွေ၊ အဝတ်အစားနဲ့ အစာခွက်တွေပြီးတော့ အမည်မသိတဲ့ ရှားပားငှက်တစ်ကောင်ရဲ့ အမွှေးနဲ့ လုပ်ထားတဲ့ ခေါင်းဆောင်းတွေကို တွေ့ရှိခဲ့ရပါတယ်နော်။ အေးခဲတဲ့နေရာမျိုးမှာမဟုတ်ဘဲ ပူပြင်းတဲ့ မီးတောင်လိုနေရာမျိုးမှာ မပုပ်မသိုးဘဲရှိနေခဲ့တဲ့ မံမီအလောင်းတွေဖြစ်လို့ တကယ်ကိုဆန်းကြယ်လွန်းလှပါတယ်နော်။ ကဲ... ပြီးတော့ ဒီအလောင်းတွေက ဘယ်သူတွေလဲ ဘာလို့မပုပ်သေးတာလဲဆိုတာကတော့ သိပ္ပံပညာရှင်တွေလည်းအဖြေမပေးနိုင်သေးတဲ့အရာပါပဲနော်။ ဒါကြောင့်ထူးထူးဆန်းဆန်းအလောင်းတွေအကြောင်းကို ဗဟုသုတဖြစ်ဖွယ်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source : Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။