စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကတော့ PSG အသင်းရဲ့တိုက်စစ်မှူးကို ခေါ်ယူဖို့ တရားဝင်ပြင်သစ်ကိုသွားရောက်တွေ့ဆုံမှုတွေပြုလုပ်နေပြီဖြစ်ပါတယ်။ဘာစီလိုနာအသင်းဟာ နေမာကိုခေါ်ယူလို့ရမယ်ဆိုပြီးလည်း ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။နေမာရဲ့အပြောင်းအရွေ့ဟာသတင်းတွေထွက်နေတာကြာပြီဖြစ်တာကြောင့်အပြောင်းအရွေ့မပိတ်ခင်မှာခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပါတယ်။

နေမာကို ရီးရဲအသင်းကလည်းခေါ်ယူဖို့ကြိုးစားနေတာဖြစ်ပေမယ့် လည်းတရားဝင်ကမ်းလှမ်းမှုမျိုးကိုတော့မလုပ်သေးတာဖြစ်ပါတယ်။ရီးရဲအသင်းဟာနေမာကိုခေါ်ယူဖို့ PSG အသင်းကလိုချင်နေတဲ့ ကစားသမားကိုပါအလိုက်ပေးကမ်းလှမ်းဖို့ရှိနေတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဘာစီလိုနာအသင်းကခေါ်ယူဖို့လက်ဦးမှုရလိုချင်နေတာဖြစ်ပါတယ်။

နေမာကလည်း အသင်းဟောင်းဘာစီလိုနာမှာကစားချင်ပေမယ့် PSG အသင်းကရောင်းချမလားဆိုတာကတော့ စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။အသင်းရဲ့ ပွဲစဉ်တွေမှာလည်း ပါဝင်ကစားခြင်းမရှိတာကြောင့်နေမာတစ်ယောက်ဘာစီကိုပြန်ရောက်မလားဆိုတာကတော့ နောက်နာရီပိုင်းအတွက်းသိရဖို့ရှိနေတာဖြစ်ပါတယ်။

Source:MIRROR Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။