လက်ရှိ မြန်မာ့လက်ဝှေ့ချန်ပီယံဒေဝကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ မြန်မာ့ကိုယ်စားပြုနိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်ယှဉ်ပြိုင်နေပြီး နိုင်ငံအလံကို လွှင့်ထူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်တာတွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့နဲ့ ထိုင်းရိုးရာလက်ဝှေ့နှစ်မျိုးလုံးကို ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ဖြစ်သလို လက်ရှိနိုင်ငံအဆင့်မီပြိုင်ပွဲများစွာကိုလည်း ဝင်ရောက်ယှဉ်ပြိုင်လေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ယုံကြည်မှုနှင့်အတူ ကြိုးစားအားထုတ်မှုများစွာကိုလည်းမကြာခနပြသတက်သူတစ်ဦးလည်းဖြစ်ပါတယ်။     

ဒေဝကတော့ ထိုင်းလက်ဝှေ့လောကမှ ကူးပြောင်းလာသူတစ်ဦးဖြစ်ပေမယ့်လည်း မြန်မာ့လက်ဝှေ့ကိုပိုမိုသဘောကျသူတစ်ယောက်ဖြစ်ပြီး လက်ဝှေ့ပညာတွေကို သူမတူအောင် လေ့လာနေသူတစ်ယောက်ဖြစ်သလို မြန်မာ့လက်ဝှေ့နဲ့ပတ်သက်ပြီး ထူးချွန်နေသူတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ဓလေ့ရိုးရာတွေကို ချစ်မြတ်နိုးပြီး မြန်မာ့လက်ဝှေ့လောကရဲ့ ဖိုက်တာများစွာထွက်ရှိတဲ့ ကရင်လက်ဝှေ့သမားများစွာနဲ့အတူ လေ့ကျင့်လျှက်ရှိပြီး ကိုယ်ပိုင်လက်ဝှေ့ရုံကိုလည်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်။   

လက်ရှိ ဒေဝကတော့ မြန်မာ့ရိုးရာလက်ဝှေ့လေ့ကျင့်မှုနည်းစနစ်တွေကို လေ့လာလေ့ကျင့်လျှက်ရှိပြီး ချန်ပီယံဘွဲ့ကို ရည်ရှည်ထိန်းသိမ်းဖို့ရည်ရွယ်ထားကြောင်း သိရပါတယ်။ ဒေဝရဲ့ လေ့ကျင့်မှုတွေထဲမှာ ဦးခေါင်းကို အဓိကလေ့ကျင့်မှု ငှက်ပျောပင်တွေနဲ့ လေ့ကျင့်မှုအပြင် အခြား ရိုးရှင်းတဲ့ မြန်မာ့ရိုးရာလေ့ကျင့်မှုတွေကို အစွမ်းကုန်လုပ်ဆောင်လျှက်ရှိတာလည်းတွေ့ရပါတယ်။ မြန်မာ့ရိုးရာနည်းနစ်တွေကို လေ့ကျင့်လျှက်ရှိတဲ့ ဒေဝရဲ့ဗီဒီယိုဖိုင်တွေကို ချစ်ပရီသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

vide0 - Dave  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။