ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ စပိန်စစ်တပ်က စစ်ဘက်သုံး ဂျက်လေယာဉ်တစင်း ပျက်ကျခဲ့တယ်လို့ သိရပါတယ်။

၎င်းဂျက်လေယာဉ်ကတော့ C-101 အမျိုးအစား ဂျက်လေယာဉ်ဖြစ်ပြီး လာမန်ဂါမြို့နားမှာ ပျက်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

၎င်းလေယာဉ်ထဲမှာတော့ လေယာဉ်မှူးတစ်ဦးလိုက်ပါလာခဲ့ပြီး လေယာဉ်ပျက်ကျချိန်မှာ တခါတည်းသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင်၎င်းလေယာဉ်မှူးဟာ သင်းတန်းတက်ရောက်ဆဲ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး စမ်းသပ်မောင်းနှင်နေချိန်မှာ ပျက်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း လေယာဉ်ပျက်ကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဘာ့ကြောင့် ပျက်ကျရတာလဲဆိုတာကိုတော့ တိတိကျကျထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

Source – El Pais 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။