ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn ကတော့ ဆုသီဒါကို မိဖုရားမြှောက်ပြီး တနှစ်မကြာခင်မှာတင် နောက်ထပ် ကြင်ယာတော်တဦးကို ထပ်မံတင်မြှောက်ခဲ့တယ်လို့သိရပါတယ်။

နောက်ထပ်တင်မြှောက်ခဲ့တဲ့ ကြင်ယာတော်ကတော့ အသက် ၃၄ နှစ်အရွာ ဆီရီနတ် ဖြစ်ပြီး သူမဟာ အမျိုးသမီး စစ်ဗိုလ်ချုပ်တဦးပဲဖြစ်ပါတယ်။

ထိုင်းဘုရင် Maha Vajiralongkorn ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ရဲ့ ဒုတိယမြောက် ကြင်ယာတော် လေးရဲ့ ဓာတ်ပုံဟောင်းတွေနဲ့ ကိုယ်ရေးရာဇဝင်တွေကို တိုင်းသူပြည်သားတွေသိအောင် ပြသခွင့်ပြုခဲ့တယ်လို့သိရပါတယ်။

ထုတ်ဖော်ပြသလာတဲ့ ပုံတွေထဲမှာဆိုရင်လည်း ဆီနီရတ်ရဲ့ အတိတ်က စစ်ရေးပြုလုပ်နေပုံတွေ ကွပ်ကွဲနေပုံတွေ ပါဝင်လာခဲ့တာကို တွေ့ရပါတယ်။

ဆီနီရတ်ဟာ အရင်တုန်းက လေယာဉ်မှူးဟောင်းတစ်ဦးလည်း ဖြစ်သလို ဘုရင့်ကိုယ့်ရံတော်တပ်ဖွဲ့ရဲ့ ဒုတိယအကြီးအကဲတစ်ယောက်လည်း ဖြစ်တယ်လို့သိရပါတယ်။

ပရိသတ်တွေအတွက် ထိုင်းဘုရင့် ကြင်ယာတော် အသစ်စက်စက်လေး ဆီရီနတ်ရဲ့ အတိတ်က ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Source – The Gurdian 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။