ပရီးမီးယားလိဒ်အသင်းဟောင်းတစ်သင်းဖြစ်တဲ့ ဘော်တန်အသင်းဟာခုမှာတော့ အသင်းဖျက်သိမ်းဖို့အခြေအနေတွေကနေရုန်းထွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။သက်တမ်း၁၀၀ကျော်သက်တမ်းရှိအဆိုပါအသင်းဟာ ဘဏ္ဍာရေးပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရလို့ ဖျက်သိမ်းဖို့ရှိနေခဲ့တာပါ။ဒါကြောင့်ပရိသတ်တွေကလည်းစိတ်မကောင်းဖြစ်နေခဲ့ရပေမယ့်ခုမှာပျော်စရာတွေပြန်ရခဲ့ပြီဖြစ်ပါတယ်။

ဘော်တန်အသင်းဟာတစ်ချိန်ကပရီးမီးယားလိဒ်မှာ နှစ်များစွာကြာကစားခဲ့ပြီးအကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် ပိုင်ရှင်သစ်ဝယ်ယူပြီး ဘယ်လောက်ထိပြန်ရပ်တည်နိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေပြီဖြစ်ပါတယ်။ဘော်တန်အသင်းကိုတော့ Football Ventures (Whites) Limited ကဝယ်ယူခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်မှာအသင်းပေါင်းများစွာရှိပြီး အသင်းတွေရဲ့သက်တမ်းတွေကလည်း နှစ်ပေါင်းများစွာကြာမြင့်တာကြောင့် ခုလိုအသင်းဖျက်ရမှာတွေကိုပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြတာပါ။အသင်းကိုဝယ်ယူခဲ့တဲ့ပိုင်ရှင်ကိုလည်း အသင်းပရိသတ်တွေသာမကကမ္ဘာအနှံ့ပရိသတ်တွေကကျေးဇူးတင်နေရတာပါ။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။