GTA San Andreas လို့ခေါ်ရင် ပရိသတ်ကြီး တော်တော်များများရဲ့ ငယ်ဘဝတုန်းက ဆော့ဖြစ်ခဲ့ကြတဲ့ ကားသူခိုးဂိမ်းပဲဖြစ်ပါတယ်။ ကလေးဘဝတုန်းကဆိုရင် P2 Game ဆိုင်သွားပြီး ဆော့ခဲ့ရတဲ့ ကားသူခိုးဂိမ်းပါပဲ။ ခုချိန်ထိလဲ အဲ့ကားသူခိုးဂိမ်းကို PlayStation 2 အပြင် Microsoft Windows, Xbox, Mac OS X, iOS, Android, Windows Phone, Fire OS, Xbox 360 နဲ့ PlayStation 3 တို့မှာဆော့ကစားနိုင်ပါသေးတယ်။ ဘယ်ချိန်ပဲဆော့ဆော့ ဘယ်တော့မှ မပျင်းနိုင်တဲ့ Game တစ်မျိုးဆိုရင်လဲ မမှားပါဘူး။ ပရိသတ်ကြီးလဲ ဘယ်ချိန်ဆော့ဆော့ မပျင်းနိုင်တာကို လက်ခံမှာပါ။  

Photo Credit : Screenshot from GTA San Andreas Game
Photo Credit : Screenshot from GTA San Andreas Game

Game ကို ကားသူခိုးလို့ပြောကြသလိုပါပဲ ခိုးနည်း တွေနဲ့ သေနတ်တွေ ကားတွေ စသဖြင့် အမျိုးမျိုးခိုးပြီး ဆော့ခဲ့ကြရပါတယ်။ သင့်အနေနဲ့လဲ Game ကိုနှစ်မျိုးဆော့နိုင်ပြီး ဇာတ်လမ်းသွားပဲဖြစ်ဖြစ် ဇာတ်လမ်းသွားမဟုတ်ပဲ ခိုးနည်းတွေနဲ့ ပစ္စည်းတွေခိုးမယ် လုပ်ချင်တာတွေလုပ်မယ် ရဲတွေနဲ့ စစ်ဖြစ်မယ် စသဖြင့် ကိုယ်ကြိုက်တဲ့ Game ပုံစံ ဆော့နိုင်ပါတယ်။ အဲ့လိုမျိုး လုပ်ချင်တာတွေ လုပ်နေရတော့ ပျော်ဖို့ကောင်းပြီး ဆော့ရတာပျင်းလာတဲ့အခါ သင့်အနေနဲ့ ဇာတ်လမ်းသွားကို ဆော့ကြည့်ပါ။ စိတ်ဝင်စားပြီး သင့်ကို ဇာတ်ရှိန်မြင့်အောင် Game က ဆွဲခေါ်သွားပါလိမ့်မယ်။ 

Photo Credit : Screenshot from GTA San Andreas Game
Photo Credit : Screenshot from GTA San Andreas Game

ဂိမ်းရဲ့ အဓိက ဇာတ်ဆောင် နာမည်ကတော့ CJ ပဲဖြစ်ပါတယ်။ ဇာတ်လမ်းသွားလေးကတော့ CJဟာ တစ်ရက်မှာ သူအမေသေဆုံးသွားပြီးလို့ အစ်ကိုဖြစ်သူ Sweet ကဖုန်းဆက်လို့ မွေးရပ်မြေကို ပြန်လာခဲ့ပါတယ်။ သူပြန်လာတဲ့ချိန်မှာ Frank Tenpenny ဆိုတဲ့ ရဲဟာ သူ့အုပ်စုနဲ့ CJ ကိုဖမ်းပြီး သူ့အတွက် အလုပ်လုပ်ခိုင်းပါတယ်။ အဲ့ရဲက CJ ကိုပြန်လွတ်လိုက်တဲ့ချိန်မှာ CJ ကလဲ သူရဲ့အစ်ကိုဖြစ်သူ Sweet နဲ့ ညီမဖြစ်သူ Kendl တို့နဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ အဲ့နောက်မှာတော့ Sweet ကဒေါသတွေထွက်ပြီးတော့ သူတို့ရဲ့ Grove Street Gang က အနိမ့်ခံဘဝဖြစ်နေတာကြောင့် ပြန်လည်ရပ်တည်ဖို့ CJ ကိုပြောကာ CJကလဲ လက်ခံပြီး ကူညီမယ်လို့ပြောပြလိုက်ပါတယ်။ ညီအစ်ကိုနှစ်ယောက်က သူတို့သူငယ်ချင်းတွေဖြစ်တဲ့ Big Smoke နဲ့ Ryder တို့နဲ့ပေါင်းပြီး အဖွဲ့ကိုပြန်ပေါင်းစည်းဖို့ ကြိုးစားခဲ့ကြပါတယ်။  

Photo Credit : Screenshot from GTA San Andreas Game

အဲ့နောက်မှာတော့ ရုပ်ရှင်ကားတစ်ကားကိုကြည့်နေရသလို ဇာတ်လမ်းသွားကို ဆော့နေရမှာဖြစ်ပါတယ်။ ဒီ Game ရဲ့အစပိုင်းကတော့ အရာအားလုံးအဆင်ပြေတယ်ထင်နေရပေမဲ့ နောက်ပိုင်းမှာ ကိုယ်ကိုတိုင်မမျှော်လင့်ထားရတဲ့ ကိစ္စတွေက စဖြစ်လာတော့တာပါပဲ။ နောက်ကျောကို အဖွဲ့ထဲက သစ္စာဖောက်သူတွေရဲ့ ဓားနဲ့ထိုးတာတွေ ရဲဖြစ်ပြီး မသမာမှုတွေကို လုပ်ခိုင်းတာတွေ ကိုယ်အသက်ရှင်ဖို့ ကိုယ့်ဂိုဏ်းရေရှည်တည်မြဲဖို့ နယ်မြေတွေလု စစ်တွေဖြစ်တာတွေ စသဖြင့် ဆော့လိုကောင်းပါတယ်။ အပစ်အခတ်တွေပဲ မဟုတ်ပဲ Romantic ဆန်တဲ့ အချစ်ဇာတ်လမ်းလေးတွေလဲ ပါဝင်ပါတယ်။ ဒီ Game ရဲ့ကောင်းကျိုးကတော့ Brotherhood ဆိုတဲ့ စကားကို နားလည်ပြီး ဘော်ဒါတွေ သူငယ်ချင်းတွေရဲ့ သစ္စာရှိမှုနဲ့ ခင်မင်မှုကို နားလည်တက်ပြီး ကိုယ့်ပတ်ဝန်ကျင်မှာ မျက်နှာအမျိုးမျိုးနဲ့သူရှိတယ်ဆိုတာကို သိရှိရပါလိမ့်မယ်။ အားနည်းချက်ကတော့ မရှိဘူးလို့ပဲပြောပြရမှာပါ...ဘာလို့ဆိုတော့ ဂိမ်းက ၂၀၀၄ ကထွက်တာတောင် ယနေ့တိုင် ဆော့ရတာမရိုးလို့ဖြစ်ပါတယ်။

Photo Credit : Screenshot from GTA San Andreas Game
Photo Credit : Screenshot from GTA San Andreas Game

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။