"အလှအပနဲ့ ကျန်းမာရေးကဆက်စပ်မှုရှိလား" ဆိုတဲ့ အင်တာဗျူး မေးခွန်းလေးကို ဒေါက်တာစိမ့်စမ်းဖြူအား မေးမြန်းခဲ့ရာတွင်...."နဂိုရှိမှ၊ နဂိုင်းထွက်တယ်၊ ဝရှိမှ ဝိလုပ်လို့ရတယ်" စကားအတိုင်း ကျွန်မတို့ အသားအရေက ကျန်းမာနေမှ မိတ်ကပ်တွေ လိမ်းရင်လှမှာပါ....။ နဂိုလှနေမှ ဒီမိတ်ကပ်ဆိုတာကို polish တင်လိုက်သလိုမျိုး ရှိရင်းစွဲ အလှကို ပြန်ပြီးတော့ သိသာလာအောင် လုပ်ပေးတာပေါ့နော်....။ ပြီးတော့ ဆံပင်ဆိုလည်း ထိုနည်း၎င်းပဲ...ဆံပင်သည်ကျန်းမာနေမှ၊ သန်စွမ်းနေမှ နက်မှောင်စိုပြေပြီး လှပမှာပါ...။ ခြေသည်း၊ လက်သည်းတွေဆိုလည်း သူတို့လိုအပ်တဲ့ အဟာရဓာတ်တွေနဲ့ ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းရှိနေမှ ခြေသည်း၊ လက်သည်းကလှပနေမှာပါ...။ အဲ့ဒါကြောင့် အလှပသည် ကျန်းမာရေးနဲ့ ဆက်စပ်မှုရှိတယ်"လို့ ရှင်းလင်စွာ ဖြေကြားခဲ့တာဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ Photo Credit Myanmarload TV

"ဆေးမြီးတိုနဲ့ ကုသတဲ့သူတွေကိုဘာပြောချင်လဲ" ဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာလည်း....."အကောင်းဆုံးကတော့နော် ဆရာဝန်နဲ့ပြဖို့ တိုက်တွန်းချင်တယ်....၊ ဘာလို့လည်းဆိုတော့ ကိုယ်ကိုတိုင်စမ်းတဝါးဝါး လုပ်နေမယ့်အစား ဆရာဝန်သည် ဒီရောဂါနဲ့ ပတ်သက်ပြီးတော့၊ ဒီဆေးပညာနဲ့ ပတ်သက်ပြီးတော့ သူတို့သည် အတွေ့အကြုံများစွာ၊ ဆေးပညာကိုနှစ်ပေါင်းများစွာ လေ့လာပြီးမှ ဆေးကုသတာဖြစ်တဲ့အတွက်ကြောင့်မလို့ ကိုယ်ရဲ့ထင်ရာနဲ့ လုပ်မယ်ဆိုရင် အပ်နဲ့ထွင်းရမှာကို ပုဆိန်နဲ့ ပေါက်တဲ့အဖြစ်မျိုး ရောက်သွားမှာဆိုးတယ်...။ အဲ့ဒါကြောင့် ကိုယ်ကစောစောသိတဲ့ အချိန်မှာ ထိထိရောက်ရောက်နဲ့ မှန်မှန်ကန်ကန်ကုသမှုကိုရှိစေချင်တယ်" ဆိုပြီး ဒေါက်တာစိမ့်စမ်းဖြူက ဖြေကြားထားခဲ့တာဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ Photo Credit Myanmarload TV

နောက်ထပ်"ကျန်းမာရေးကောင်းဖို့ ဘာအရေးကြီးဆုံးလဲ" ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းရာတွင် ဒေါက်တာစိမ့်စမ်းဖြူက......"အရေးကြီးဆုံးကတော့ life style ပါပဲ၊ ကျွန်မတို့စားသောက်နေထိုင်တဲ့ ပုံစံပါ....၊ ကိုယ်စားတဲ့ အစားအသောက်တွေ၊ ပြီးတဲ့အခါကျတော့ ကိုယ်နေထိုင်တဲ့ပုံစံ အိပ်ချိန်တွေပေါ့.....၊ အဲ့ဒါကြောင့် life style သည်အရမ်းရေးကြီးပါတယ်...။ ဒီ life style တွေမှားယွင်းလို့ "non communicable diseases" လို့ခေါ်တဲ့ ကူးစက်ခြင်းကြောင့်မဟုတ်တဲ့ ရောဂါတွေပေါ့နော်...။ ဒီရောဂါတွေဖြစ်ပြီးတော့ ကမ္ဘာ့လူဦးရေရဲ့ ၈၀ရာခိုင်နှုန်းသည် ဒီ life style မှားယွင်းလို့ အသက်သေဆုံးနေရတာကိုတွေ့ရပါတယ်...။ ဒါကြောင့် ကျန်းမာဖို့အတွက်အရေးကြီးဆုံးသည် စားသောက်နေထိုင်တဲ့ life styleလို့ ပြောချင်ပါတယ်"... ဆိုပြီး အခုလိုပဲ ဖြေကြားပေးခဲ့ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit Myanmarload TV 

Source ဒေါက်တာစိမ့်စမ်းဖြူ Photo Credit Myanmarload TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။