သွေးအားနည်းစေတဲ့ အကြောင်းအရင်းတွေထဲမှာ သွေးနီဥထုတ်တာနည်းတာ၊ ဆုံးရှုံးမှုများတာတွေကြောင့် အပြင် လူသိနည်းတာတစ်ခုကတော့သွေးနီဥတွေကို ခန္ဓာကိုယ်တွင်းမှာပဲ ပြန်ဖျက်ဆီးမိတာကြောင့်ဖြစ်ပါတယ်...။ ပြင်ပကအကြောင်းအရင်းတစ်ခုခုကြောင့် ဖျက်ဆီးတာဖြစ်နိုင်သလို ကိုယ့်ကိုယ်တွင်းက အခြေနေတွေကြောင့် ဖျက်ဆီးတာမျိုးလည်း ဖြစ်နိုင်ပါတယ်...။ ပြင်ပကအကြောင်းရင်းလို့ဆိုတဲ့နေရာမှာ ပုံမှန်အနေနဲ့ကတော့ ဘေလုံးဟာ သက်တမ်းကြာနေတဲ့ သွေးနီဥအဟောင်းတွေကို ဖျက်ပစ်လေ့ရှိပေမယ့် ဘေလုံးရောင်တာ၊ ရောဂါတစ်ခုခုဖြစ်တဲ့အခါတွေမှာ ပုံမှန်ဖျက်နေကျ ထက်ပိုပြီး သွေးနီဥတွေကို ဖျက်ဆီးပစ်ပါတယ်...။ ဒီအခါမှာ သွေးအားနည်းရောဂါဖြစ်ကြပါတယ်...။

Photo Credit pngtree

တချို့တွေမှာကျတော့ မွေးရာပါသွေးရောဂါတစ်ခုခုမျိုးဖြစ်နေတဲ့အတွက် သွေးနီဥတွေ ထုတ်လုပ်တဲ့အခါမှာ ကျန်းမာကောင်းမွန်တဲ့ သွေးနီဥမျိုး မထုတ်နိုင်ပါဘူး...။ ဒီလို ပုံပန်းမကျတဲ့ သွေးနီဥတွေကို ကျွန်မတို့ခနာကိုယ်က လက်မခံဘဲ ပယ်ဖျက်ပစ်တာကြောင့် ဘေလုံးက ဖျက်ဆီးပေးရပြန်ပါတယ်...။ ဒါကို "Hemolytic Anemia" လို့ခေါ်ပြီး ကိုယ်ခံအားတွေ မကောင်းတာကြောင့်ရော ပြင်ပက ရောဂါပိုးတွေ၊ ဆေးဝါးတွေကြောင့်ပါ ဖြစ်တတ်တဲ့ ရောဂါမျိုးဖြစ်ပါတယ်...။ "Hemolytic anemia"ဆိုတာက ဒီရောဂါဟာ သွေးနီဥတွေရဲ့ ရက် ၁၂၀ သက်တမ်းမပြည့်ခင်မှာ ဖျက်ဆီးပစ်ပြီး၊ ဖျက်ဆီးနှုန်းတွေ အလွန်အကျွံဖြစ်နေတဲ့ ရောဂါမျိုးပဲဖြစ်ပါတယ်...။ သွေးနီဥတွေကို ဖျက်ဆီးတဲ့နှုန်းဟာ ရိုးတွင်းခြင်ဆီက ထုတ်ပေးနိုင်တဲ့ ပမာဏထက် ပိုများနေတာဖြစ်ပါတယ်...။ "Hemolytic anemia" ဘာကြောင့်ဖြစ်ရတာလဲဆိုတာကတော့ မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို နောက်ပိုင်းမှာ ပြင်ပကအကြောင်းအရာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်...။ မျိုးရိုးဆိုတာက မျိုးဗီဇ "genes" တွေရဲ့ချို့ယွင်းချက်တွေကြောင့် သွေးနီဥချို့ယွင်းတာတွေ၊ အင်ဇိုင်းမပါတာတွေ ဖြစ်လာတာဖြစ်ပါတယ်...။ မွေးရာပါ ရောဂါတွေလို့ဆိုရမှာပါ...။ ဥပမာ - "Hemolytic anemia" တွေဖြစ်တဲ့ "Hereditary spherocytosis" သွေးနီဥတွေရဲ့ပုံသဏ္ဍာန်က ပုံမှန်အားဖြင့် အဝိုင်းလေးဖြစ်ပြီး အလယ်မှာ အချိုင့်လေးနဲ့ဖြစ်ပါတယ်...။ ဒီရောဂါမှာကတော့ သွေးနီဥတွေဟာ အလုံးပုံစံဖြစ်နေတာမျိုးပဲဖြစ်ပါတယ်...။ "Hereditary elliptocytosis" ဒီရောဂါမှာကတော့ သွေးနီဥတွေဟာ ဘဲဥပုံစံဖြစ်နေတာပါ...။ "Thalassemia" သွေးနီဥမှာပါဝင်ဖွဲ့စည်းထားတဲ့ ဟေမိုဂလိုဘင်ဖွဲ့စည်းပုံက အယ်လ်ဖာနဲ့ ဘီတာချိန်းမှာ ပုံမမှန်ချို့ယွင်းချက်ဖြစ်နေတာပါ...။ "Sickle cell disease" ဒီရောဂါမှာကတော့ သွေးနီဥတွေဟာ တံစဉ်ပုံစံဖြစ်နေတာမျိုးပါ...။ "Red blood cell enzyme defects or deficiencies (enzymopathies)" ဒီရောဂါမှာကတော့ glucose-6-phosphate dehydrogenase (G6PD), pyruvate kinase, pyrimidine nucleotidase အစရှိတဲ့ အင်ဇိုင်းဓာတ်တွေ ချို့ယွင်းနေတတ်တဲ့ အခြေနေမျိုးပဲဖြစ်ပါတယ်...။

Photo Credit pngtree

ပြင်ပကအကြောင်းအရာတွေကြောင့် ဖြစ်တဲ့ "Hemolytic Anemia" ကတော့ မျိုးဗီဇနဲ့ မွေးရာပါကြောင့် မဟုတ်ပါဘူး..။ ဥပမာ - ငှက်ဖျားလိုမျိုး သွေးထဲရောဂါပိုးဝင်တာ၊ နှလုံးအဆို့ရှင်မကောင်းတာကြောင့်နဲ့ သွေးကြောကျဉ်းကျဉ်းလေးတွေကို သွေးနီဥလေးတွေ ဖြတ်ရတဲ့အခါ ပုံစံပြောင်းပေးရတာတွေကြောင့် သွေးနီဥပုံပန်းသဏ္ဍာန်ပျက်သွားတာ၊ "Clostridium perfringins" လိုဘတ်တီးရီးယားတွေကြောင့် သွေးဆိပ်တက်တာနဲ့ ကိုယ့်ဆဲလ်တွေကို ပြန်ဖျက်ဆီးတဲ့ ကိုယ်ခံအားရောဂါတွေပဲ ဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "သွေးအားနည်းစေသော ရောဂါများ" ဆိုတဲ့ ကျန်းမာရေးဆောင်းပါးမှ မျိုးရိုးဗီဇကြောင့် ဖြစ်တဲ့ "Hemolytic anemia" နဲ့ ပြင်ပအကြောင်းအရာတွေကြောင့်ဖြစ်တဲ့ "Hemolytic Anemia"ဆိုပြီး နှစ်မျိုးနှစ်စားရှိကြောင်းကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းပဲဖြစ်ပါတယ်....။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree

Photo Credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။