photo credit - topson twitter

OG အသင်းရဲ့ Po 2 ကစားသမားဖြစ်သူ Topson ကတော့ 1998 ခုနှစ် April လ 14 ရက်နေ့မှာ မွေးဖွားခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ ဖင်လန်နိုင်ငံသားတစ်ဦးလည်းဖြစ်သလို လက်ရှိအချိန်မှာတော့ သူ့ရဲ့အသက်က ၂၁ ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

ွှTopson ဟာ ီDota ကို သူ့အသက် ၈ နှစ်လောက်ထဲက စတင်ကစားလာခဲ့တာဖြစ်သလို သူ့ရဲ့ skill တွေကလည်း လူအများအားကြအတုယူရလောက်အောင် ကောင်းမွန်နေတာပဲဖြစ်ပါတယ်။

Topson ဟာ 2018 ခုနှစ်အစောပိုင်းလောက်ထိ သူ့အိမ်ခန်းလေးထဲမှာ Dota 2 ဆော့ရင်း Streammer တစ်ယောက်အဖြစ်သာ နေထိုင်လာခဲ့ပေမယ့် Ti 8 စခံနီးမှာတော့ လစ်လပ်သွားတဲ့ OG အသင်းရဲ့ Mid Laner နေရာမှာ ကစားဖို့အတွက် ရောက်ရှိလာခဲ့ပါတယ်။

TI 8 ဟာ သူ့အတွက် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကြီးတစ်ခုဆိုပေမယ့် အတင်းဖော်တွေရဲ့ အားပေးစကားတွေ ၊ Ceb ရဲ့ motivation တွေအောက်မှာ အကောင်းဆုံး လက်စွမ်းပြကစားနိုင်ခဲ့ပြီး The International 2018 Dota 2 Championship ရဲ့ champion ဆုကြီးကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Ti 8 အပြီးမှာတော့ Topson ဟာ OG အသင်းနဲ့အတူ ခနအနားယူသွားခဲ့ပြီး Major အနည်းငယ်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းမရှိပါဘူး။

အနားယူပြီး ပြန်လည်ဝင်ပြိုင်တဲ့ Major တွေမှာဆိုရင်လည်း Topson နဲ့ OG အသင်းဟာ ထင်သလောက် လက်စွမ်းမပြနိုင်ခဲ့ပေမယ့် ွှTi 9 ကို ယှဉ်ပြိုင်တဲ့အချိန်မှာတော့ သူတို့အသင်းရဲ့ လက်စွမ်းဟာ တော်တော်လေးကို ကောင်းမွန်ခဲ့တာပဲဖြစ်ပါတယ်။

Topson ရဲ့ Signature hero တွေဖြစ်တဲ့ Monkey King , Invoker နဲ့ Tiny တို့ဟာဆိုရင်လည်း ပွဲတော်တော်များများမှာ ban ခံခဲ့ရသလို သူကိုင်ခွင့်ရတဲ့ ပွဲတိုင်းမှာဆိုရင်လည်း တမြေပုံလုံးကို control လုပ်ပြီး Ana ကို space တော်တော်လေးပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် Ti 9 ပွဲစဉ်တလျှောက်လုံး သူကိုင်ရသမျှ ဟီးရိုးတိုင်းကို အကောင်းဆုံး ကစားသွားနိုင်ခဲ့တွေ့ရပြီး Ti 9 champion ဆုကြီးကို ထပ်မံသိမ်းပိုက်ရယူကာ Back to Back ွှ Ti champion ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် pro ကစားသမားဘဝကို စတင်တဲ့ တနှစ်ကျော်အတွင်းမှာ Ti champion နှစ်ကြိမ်တိုင်တိုင်ဖြစ်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ထားတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။

Ti 9 အပြီးမှာတော့ Topson ဟာ သူ့ကို အမြဲအားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးအရမ်းတင်ကြောင်းပြောထားသလို မိသားစုကိုအချိန်ပေးဖို့ pro ကစားသမားဘဝကနေ ခနအနားယူသွားမယ်လို့ သူ့ရဲ့ twitter အကောင့်ကနေ ကြေညာထားတာတွေ့ရပါတယ်။ 

source - Topson Twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။