ပရိတ်သတ်တို့ရေ... ဒီတစ်ခုကတော့ အရမ်းကို ကမ္ဘာပေါ်က စံပြုလောက်တဲ့တီထွင်ဖန်တီးမှုတွေထဲက ဂရင်းနစ်မှတ်တမ်းတွေမှာ အကြိမ်းပေါင်းများစွာစံချိန်တင်ထားနိုင်ခဲ့တဲ့ ကမ္ဘာ့အမြန်ဆုံးကွန်ပြူတာပဲဖြစ်ပါတယ်နော်။ အခုလို IT (Information Technology )ခေတ်ကြီးမှာ ဒီ အမြန်ဆုံးကွန်ပြူတာဆိုတာ ဘာတွေလုပ်နိုင်လဲကြည့်လိုက်ရအောင်နော်။

Photo Source: Pngtree

တရုတ်ပြည်သူ့သမ္မတနိုင်ငံက နိုင်ငံတော်ကာကွယ်ရေးနည်းပညာတက္ကသိုလ်ကနေပြီးတော့ ၂၀၁၄ခုနှစ် နိုဝင်ဘာလမှာ တီထွင် ထုတ် လုပ်ခဲ့တဲ့ တျန်ဟီ-၂ (Tianhe-2) စူပါကွန်ပျူတာဟာ အမြန်နှုန်း စွမ်းဆောင်မှုတွေ ပြုလုပ်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံးကွန်ပြူတာတစ်လုံးပါ။ တစ်စက္ကန့်မှာဆိုရင် ၃၃.၈၆ ပီတာဖလော့ (petaflop) တစ်စက္ကန့်အတွင်း quadrillion နှင့် ချီကာ တွက်ချက်နိုင်သဖြင့်လေးကြိမ်ဆက်တိုက်ကမ္ဘာ့အမြန်ဆုံးကွန်ပျူတာ အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

Photo Source: Pngtree

ဒီစူပါကွန်ပျူတာကို သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာပေါင်း ၁၃၀၀က တီထွင်ဖန်တီးခဲ့တာပဲဖြစ်ပြီးတော့ ယခု အခါမှာတော့ ကွမ်ကျိုးပြည်နယ် ဆွန်ရက်ဆင်တက္ကသိုလ်မှာ ထိနတ်းသိမ်းထားရှိပါတယ်နော်။ ပညာရှင်ပေါင်းများစွာ ဝိုင်းဝန်းတည်ဆောက်ခဲ့တဲ့ ဒီကွန်ပြူတာဟာ ဘယ်နိုင်ငံမှာမှမရှိသေးတဲ့နည်းပညာတွေနဲ့ မွန်းမံ ပြင်ဆင်လျက်ရှိတာကြောင့် အမြဲတမ်းအတွက် အမြန်ဆုံးနဲ့ အကြီးဆုံးကွန်ပြူတာကြီးပဲဖြစ်လို့နေပါတယ်နော်။ကဲ.... ချစ်ပရိတ်သတ်တို့လည်း တရုတ်နိုင်ငံကို ရောက်တဲ့အခါ ဆန်းသစ်လှတဲ့ နည်းပညာတွေဆီကို သွားရောက်လေ့လာဖို့မမေ့ကြနဲ့အုန်းနော်။

Photo Source: Pngtree

Source: မောင် သာ ရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။