ကိုယ်ဝန်ဆောင်ကာလအတွင်း ပြောင်းလဲလာတဲ့ ဖြစ်စဉ်လေးတွေကြောင့် စိတ်ဖိစီးမှုတွေ၊ စိုးရိမ်လွန်ကဲမှုတွေဖြစ်တတ်ကြပါတယ်...။ အရာအာလုံးဟာ စိုးရိမ်စရာတော့ မဟုတ်ပါဖူး...။ ထိုကဲ့သို့ ပြောင်းလဲဖြစ်စဉ်တွေထဲကမှ "ဝမ်းချုပ်တာ"၊ "ရင်ပူတာ"၊ "ခြေလက်တွေ ဖောတာ" နဲ့ပတ်သက်ပြီး ကြားဖူးနားဝ ဆေးမြီးတိုနည်းလမ်းတွေနဲ့ အမှားတွေ မလုပ်မိအောင် ဖြေရှင်းရမယ့် နည်းလေးတွေကို ဆွေးနွေးဖော်ပြပေးသွားမှာဖြစ်ပါတယ်...။ (၁) ဝမ်းချုပ်တာ - ဒါကတော့ အများဆုံးလာတဲ့ complain တစ်ခုပါပဲဖြစ်ပါတယ်...။ ကိုယ်ဝန်ရှိရင် မြင့်တက်လာတဲ့ "Progesterone" ပရိုဂျက်စတုန်းဆိုတဲ့ ဟော်မုန်းက အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကို နှေးကွေးစေတဲ့အပြင် တဖြည်းဖြည်းလေးလာတဲ့ သားအိမ်ဟာ မစင်အိမ် "rectum" ကို သွားဖိတဲ့အတွက်ရော၊ ကိုယ်ဝန်ဆောင်အားဆေးတွေထဲမှာပါတဲ့ သံဓာတ်ဆေးတွေကြောင့်ပါ ဒီလို ဝမ်းချုပ်ရတာဖြစ်ပါတယ်...။ အဲဒီအတွက် ဝမ်းနှုတ်ဆေးတွေမသောက်ဘဲ အမျှင်ဓာတ် "Fiber" များများပါတဲ့ အစားစာတွေ၊ နို့နဲ့ ရေများများသောက်တာတွေက ပိုကောင်းတာဖြစ်ပါတယ်...။

Photo credit pngtree

(၂) ရင်ပူတာ - လှဲအိပ်ရင် ရင်ပူတာ၊ ရင်ထဲနေလို့ မကောင်းတာမျိုးက ဖြစ်လေ့ရှိပါတယ်...။ ဒီထက်လည်း စောချင်စောနိုင်ပါသေးတယ်နော်...။ အစာရေမြိုပြွန်ရဲ့ အောက်ပိုင်းက ရှုံ့ကြွက်သားဟာ လျော့ထားတဲ့အတွက် အစာအိမ်ထဲကအစာတွေ၊ အက်စစ်တွေနဲ့ ထိတွေ့တာကြောင့်အခုလို ပူလောင်ပြင်း ရှတဲ့ခံစားချက်မျိုး ဖြစ်ရတာဖြစ်ပါတယ်...။ ဒီအတွက် မကြာခဏ အစာစားပေးရမှာဖြစ်ပါတယ်...။ ပက်လက်အိပ်တာ၊ ကွေးအိပ်တာမျိုး မလုပ်ပါနဲ့...။ လိုအပ်ရင် အစာအိမ်ဆေးသောက်ပေးလို့ရပါတယ်...။ အရက်တွေ၊ ဆေးလိပ်တွေသောက်နေရင်တော့ လုံးဝဖျတ်ပစ်ရမှာဖြစ်ပါတယ်...။ ရင်ပူတာအပြင် အစားသောက်ပျက်တဲ့အထိ ဆိုးရွားလာရင်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းအထူးကုနဲ့ ပြသဖို့လိုအပ်ပါလိမ့်မယ်...။

Photo credit pngtree

(၃) - ခြေလက်တွေ ဖောတာ ကိုယ်ဝန်ဆောင်ကာလမှာ ဆံခြည်မျှင်သွေးကြောလေးတွေရဲ့ စိမ့်ဝင်မှုအားကောင်းလာတာကြောင့် ခြေတွေ လက်တွေ ဖောရောင်လာတတ်ပါတယ်...။ ဒါကို သက်သာဖို့အတွက် ခြေထောက်အောက်မှာ စောင်ခေါက်ဖြစ်ဖြစ်၊ ဖက်လုံးဖြစ်ဖြစ်ခုပြီး အိပ်ရမှာဖြစ်ပါတယ်...။ ကိုယ်ခန္ဓာအောက်ပိုင်းကို အထက်ပိုင်းထက် မြင့်အောင်ထားတဲ့သဘောပဲဖြစ်ပါတယ်...။ လက်ချောင်းတွေ အလွန်အမင်းဖောနေရင် လက်စွပ်တွေကိုပါ ချွတ်ထားစေချင်ပါတယ်...။ ဒီလိုဖောတာဟာ ကိုယ်ဝန်ဆိပ်တက်တာလား၊ ပုံမှန်ဖြစ်နေကျဆိုတာလား၊ ကျောက်ကပ်ကြောင့်လားဆိုတာ ကွဲပြားအောင် သွေးပေါင်ချိန်တိုင်းတာ၊ ဆီးစစ်တာတွေ လုပ်ပြီး သိနိုင်မှာဖြစ်ပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း (၁)" ကျန်းမာရေးဆောင်းပါးမှ ကိုယ်ဝန်ဆောင်ကာလအတွင်း ဖြစ်လေ့ဖြစ်ထရှိသော "ဝမ်းချုပ်တာ"၊ "ရင်ပူတာ"၊ "ခြေလက်တွေ ဖောတာ" နဲ့ပတ်သက်ပြီး အကြောင်းအရာပြည့်စုံကို ပြန်လည်ကူးယူဝေမျှလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။