ချစ်ပရိတ်သတ်တို့ရေ.. .အခုတစ်ခါမှာတော့ ကမ္ဘာကျော်ပန်းချီကားတစ်ချပ်လည်းဖြစ်ပြီးတော့ စိတ်ဝင်စားစရာလျှို့ဝှက်ချက်တွေပြည့်နေတဲ့ မိုနာလီဆာ ပန်းချီကားကြီးအကြောင်းကိုပြောပြမှာပဲဖြစ်ပါတယ်နော်။ လီယိုနာဒို ဒါဗင်ချီရေးဆွဲခဲ့တဲ့ မိုနာလီဇာ ပုံတူပန်းချီကားဟာ ကမ္ဘာတစ်ဝန်းမသိသူမရှိလောက်အောင်ထင်ရှားပြီးတော့ မိုနာ လီဇာရဲ့ အဓိပ္ပာယ်ဖော်ရခက်တဲ့အပြုံးဟာ ရှုပ်ထွေးမှုများစွာရှိနေခဲ့ပါတယ်နော်။။သို့သော်လည်း မိုနာလီဇာပန်းချီကားကို အနုကြည့် မှန်ဘီလူးနဲ့ ချဲ့၍ကြည့်ရ ခဲ့တဲ့အခါမှာတော့ အီတလီသမိုင်းပညာရှင်များဟာ မိုနာလီဇာရဲ့ မျက်လုံးများအတွင်းမှာ သေးငယ်တဲ့ကိန်းဂဏန်းတွေနဲ့ စကားလုံးတွေ ရေးဆွဲထားတာကိုကို မြင်တွေ့ခဲ့ကြရပါတယ်လို့ ဆိုပါတယ်။

Photo Source: Pngtree

မိုနာလီဇာပုံပေါ်မှာ ရှင်းလင်းစွာမြင်နေရတဲ့ စာလုံးတွေနဲ့ ကိန်းဂဏန်းတွေကို ကျွမ်းကျင်သူတွေက ပန်းချီရေးဆွဲသူလီယိုနာဒိုဒါဗင်ချီရဲ့ လျို့ဝှက်သင်္ကေတတစ်ခုခုကို ကိုယ်စားပြုထားတာဖြစ်မယ်လို့ ယူဆခဲ့ကြပါတယ်။မိုနာလီဇာရဲ့ ယာဘက်မျက် လုံးမှာ LV ဆိုတဲ့ စာသားကို မြင်တွေ့ရပြီးတော့ LV ဆိုတာဟာ Leonado Da Vinci ကိုပြောခြင်းဖြစ်ပြီး ဝဲဘက်မျက်လုံးမှာမြင်ရသည့် စကားလုံးတွေကိုတော့ အဓိပ္ပာယ်မဖော်နိုင်သေးပါဘူး။ယင်းစာလုံးတွေကို CE သို့မဟုတ် B လို့မြင်ရပြီးတော့ ယင်းစကားလုံးကို ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖော်နိုင်ဖို့ အခက်အခဲတွေ့နေရပါတယ်နော်။

Photo Source: Pngtree

မိုနာလီဇာရဲ့ မျက်ခုံးနောက်ခံမှာ 72 ဂဏန်းကိုမြင်ရပြီး ယင်းဟာ L နှင့် 2 လည်းဖြစ်နိုင်တယ်လို့ဆိုပါတယ်။ပုံရဲ့နောက်ပိုင်းမှာ စတုတ္ထမြောက် ကိန်းပျက်နေတဲ့ 149 ကိုမြင်ရပြီး ယင်းကိန်းဂဏန်းဟာ လီယိုနာဒို ဒါဗင်ချီ မီလန်မြို့တွင်ရှိနေခိုက် မိုနာလီဇာ ပုံကိုရေး ဆွဲခဲ့တဲ့ ၁၄၉၀ ပြည့်နှစ်များကို ဖော်ညွှန်းခြင်း ဖြစ်နိုင်ကြောင်းယူဆခဲ့ကြပါတယ်။ ယခုအခါ မိုနာလီဇာပန်းချီကားဟာ သက်တမ်း နှစ် ၅၀၀ ကျော်ခဲ့ပြီဖြစ်ပြီးတော့ ပုံမှာရေးထားခဲ့တဲ့ စာလုံးတွေနဲ့ ကိန်း ဂဏန်းတွေဟာ မူလရေးခဲ့တုန်းကလိုမျိုး ရှင်းလင်းပြတ်သားမှုမရှိတော့တာကိုလည်း သတိမူကြရမှာပါနော်။ ကဲ... မျက်ဝန်းတစ်စုံနဲ့တင် လျှို့ဝှက်ချက်တွေပြည့်နှက်လို့နေတဲ့ မိုနာလီဆာပန်းချီကာဟာ ကြောက်စရာကောင်းလောက်အောင် လက်ရာ မြောက်တယ်လို့ မထင်မိကြဘူးလား ပရိတ်သတ်တို့ရေ...

Photo Source: Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။