ပရိသတ်ကြီးကို အခုတစ်ခေါက်မှာဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တရုတ်နိုင်ငံက အကျဉ်းထောင်တစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုအကြောင်းဖော်ပြပေးချင်ပါတယ်။ ပရိသတ်ကြီး သိတဲ့အတိုင်းထောင်ဆိုတာ နိုင်ငံတော်က ချမှတ်ထားတဲ့ ဥပဒေတွေကို မလိုက်နာသူတွေအတွက် အပြစ်ပေးဖို့ စီစဉ်ထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ထောင်ထဲမှာ ကြပ်မတ်တဲ့ အစောင့်တွေကလည်း များစွာရှိတာကြောင့် ထောင်ထဲကနေ ထောင်ဖောက်ပြီး လွတ်မြောက်သွားတဲ့လူဆိုတာ အနည်းအကျဉ်းပဲ ရှိပါတယ်။

Photo Credit : သံ ဇဉ် မိုးဇတ်

ဒီလို လူအနည်းအကျဉ်းထဲမှာမှ တရုတ်နိုင်ငံက Choi Gap-bok ဆိုတဲ့ ပုဂ္ဂိုလ်လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူဟာ ဥပဒေတစ်ခုနဲ့ မလွတ်ကင်းတဲ့ အတွက်ကြောင့် ထောင်ဒဏ်ကျခေံနရတာ ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာတော့ Choi ဟာ သူများတွေ လုံး၀ မစဉ်းစားဖူးတဲ့ အရာတစ်ခုကို လုပ်ပြခဲ့ပါတယ်။ Choi ဟာ အကျဉ်းထောင်ကနေ အစာလာပေးတဲ့ အပေါက်ထဲကနေ ခန္ဓာကိုယ်ကို ကျုံအောင် လုပ်ပြီး အပြင်ရောက်အောင် ကြိုးစားကာ ထောင်စောင့် ၃ ရောက်စောင့်ကြပ်နေသည့် ကြား ထဲက လွတ်အောင် ထွက်ပြေးခဲ့ပါတယ်။

Photo Credit : Pngtree

ဒါပေမယ့်လည်း မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိဆိုတဲ့ စကားအတိုင်း Choi ကို ရဲအရာရှိအများက ပြန်လည်ဖမ်းဆီးခဲ့ပြီး ဖြောင့်ချက်ယူခဲ့ပါတယ်။ သူ့ရဲ့ ဖြောင့်ချက်အရ Choi ဟာ ဟင်းများ တွင်ပါလာသည့် ဆီများကို စုဆောင်းထားပြီး ခန္ဓာကိုယ်ကို သုတ်လိမ်းထားကာ အစောင့်များလစ်ချိန်တွင် အမြင့် ၅.၉ လက်မ ၊ အရှည် ၁၇.၇ လက်မ သာရှိသည့် အစာကျွေး အပေါက်ထဲက နေထွက်ပြေးခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အပြင်လောက လူအများကြားထဲ ရေပန်းစားသွားခဲ့ပြီး အတော်လေးကို Hot ဖြစ်သွားခဲ့တဲ့ သတင်းတစ်ပုဒ်ဖြစ်သွားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit : Pngtree

Source : သံ ဇဉ် မိုးဇတ်

Photo Credit : သံ ဇဉ် မိုးဇတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။